သူ​ကြီး 16:15-22 BCL

15 သို့​ဖြစ်​၍​ဒေ​လိ​လ​က​သူ​အား``သင်​သည် ကျွန်​မ​ကို​တ​ကယ်​မ​ချစ်​ဘဲ​နှင့်​ချစ်​ပါ​သည် ဟု အ​ဘယ်​သို့​ပြော​နိုင်​ပါ​သ​နည်း။ ကျွန်​မ အား​သင်​အ​ရူး​လုပ်​ခဲ့​သည်​မှာ​သုံး​ကြိမ်​တိုင် တိုင်​ရှိ​လေ​ပြီ။ သင်​သည်​ယ​ခု​တိုင်​အောင်​ပင် မိ​မိ​အ​ဘယ်​ကြောင့်​သန်​စွမ်း​ရ​ကြောင်း​ကို ကျွန်​မ​အား​ပြော​မ​ပြ​သေး​ပါ​တ​ကား'' ဟု​ဆို​၏။-

16-17 ဤ​သို့​လျှင်​သူ​သည်​ဆက်​လက်​၍​တစ်​နေ့​ပြီး တစ်​နေ့​မေး​မြန်း​လျက်​နေ​ရ​ကား ရှံ​ဆုန်​သည် ဒေ​လိ​လ​၏​ပူ​ဆာ​မှု​ကို​လွန်​စွာ​ငြီး​ငွေ့​လာ ပြီး​လျှင်​နောက်​ဆုံး​၌``ငါ​၏​ဆံ​ပင်​သည်​တစ် ကြိမ်​တစ်​ခါ​မျှ​မ​ရိတ်​မ​ဖြတ်​ရ​သေး။ ငါ သည်​လည်း​မွေး​စ​က​ပင်​လျှင်​နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ် ထား​သူ​ဖြစ်​သည်။ အ​ကယ်​၍​ငါ​၏​ဆံပင်​ကို ရိတ်​ဖြတ်​လိုက်​သည်​ရှိ​သော်​ငါ​သည်​ခွန်​အား ဆုတ်​ယုတ်​၍​သူ​တစ်​ပါး​နည်း​တူ​အား​နည်း ပေ​အံ့'' ဟု​အ​မှန်​အ​တိုင်း​ထုတ်​ဖော်​ပြော ဆို​လိုက်​တော့​၏။

18 ယင်း​သို့​အ​မှန်​အ​တိုင်း​ပြော​ဆို​သည်​ကို ဒေ​လိ​လ​သိ​သော​အ​ခါ သူ​သည်​ဖိ​လိတ္တိ ဘု​ရင်​တို့​ထံ​သို့​လူ​လွှတ်​၍``ဤ​တစ်​ကြိမ် ပြန်​လာ​ခဲ့​ကြ​ပါ။ ကျွန်​မ​သည်​ရှံ​ဆုန်​ထံ မှ​မှန်​ရာ​ကို​သိ​ရှိ​ရ​ပါ​ပြီ'' ဟု​ပြော​ကြား လိုက်​၏။ ထို​သူ​တို့​သည်​လည်း​ငွေ​များ ကို​ယူ​၍​လာ​ကြ​၏။-

19 ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား​မိ​မိ​၏​ပေါင်​ပေါ် တွင်​ချော့​၍​သိပ်​ပြီး​မှ လူ​တစ်​ယောက်​ကို​ခေါ် ၍​ရှံ​ဆုန်​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ရိတ်​ဖြတ်​စေ​၏။ ရှံ​ဆုန်​၌​ခွန်​အား​ပျောက်​ကွယ်​သွား​ပြီ​ဖြစ်​၍ ဒေ​လိ​လ​သည်​သူ့​အား​စ​တင်​ညှင်း​ပန်း​လေ တော့​သည်။-

20 သူ​သည်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ ထို​အ​ခါ​ရှံ​ဆုန် သည်​အိပ်​ရာ​မှ​နိုး​ထ​၍​ယ​ခု​တစ်​ကြိမ်​လည်း ခါ​တိုင်း​ကဲ့​သို့​ပင် မိ​မိ​လွတ်​မြောက်​နိုင်​လိမ့် မည်​ဟု​ထင်​မှတ်​၏။ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ခွာ​သွား​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ကို​မူ​သူ မ​သိ။-

21 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လည်း​သူ့​အား ဖမ်း​ဆီး​ကာ​သူ​၏​မျက်​စိ​ကို​ဖောက်​ပြီး နောက် သူ့​အား​ဂါ​ဇ​မြို့​သို့​ခေါ်​ဆောင်​၍ ကြေး​ဝါ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ပြီး​လျှင် ထောင်​ထဲ​၌​ကြိတ်​ဆုံ​ကျောက်​ကို​လှည့်​စေ ကြ​၏။-

22 သို့​ရာ​တွင်​သူ​၏​ဆံပင်​သည်​ပြန်​၍​ရှည်​စ ပြု​လာ​လေ​သည်။