သူ​ကြီး 17:1-4 BCL

1 အ​ခါ​တစ်​ပါး​က​မိက္ခာ​အ​မည်​ရှိ​သော​လူ တစ်​ယောက်​သည် ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​၏။-

2 သူ​သည်​မိ​မိ​၏​မိခင်​အား``မိ​ခင်​၏​ငွေ​တစ်​ဆယ့် တစ်​ပိ​ဿာ​ပျောက်​ဆုံး​သွား​စဉ်​အ​ခါ​က​ခိုး ယူ​သူ​အား မိ​ခင်​ကျိန်​ဆဲ​ခဲ့​သည်​ကို​ကျွန်​တော် ကြား​ရ​ပါ​သည်။ ထို​ငွေ​သည်​ကျွန်​တော့်​မှာ ရှိ​ပါ​သည်။ ကျွန်​တော်​ယူ​မိ​ပါ​သည်'' ဟု ပြော​လေ​သည်။သူ​၏​မိ​ခင်​က​လည်း``ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။-

3 သူ​သည်​ထို​ငွေ​ကို​မိခင်​အား​ပြန်​၍​ပေး​၏။ ထို အ​ခါ​မိ​ခင်​ဖြစ်​သူ​က``ငါ့​သား၊ ကျိန်​စာ မ​သင့်​စိမ့်​သော​ငှာ​ငါ​ကိုယ်​တိုင်​ပင်​ထို​ငွေ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပေး​လှူ​ဆက်​ကပ်​မည်။ ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​သစ်​သား​ရုပ်​တု တစ်​ခု​ကို​ပြု​လုပ်​ရာ​တွင် ထို​ငွေ​ကို​အ​သုံး ပြု​မည်​ဖြစ်​၍​သင့်​အား​ပြန်​ပေး​မည်'' ဟု​ဆို​၏။-

4 သား​ဖြစ်​သူ​သည်​လည်း​ထို​ငွေ​ကို​မ​ယူ​ဘဲ အ​မိ​အား​ပြန်​၍​ပေး​လေ​သည်။ ထို​အ​ခါ မိ​ခင်​သည်​ငွေ​နှစ်​ပိ​ဿာ​ကို​ယူ​၍​ပန်း​ထိမ် အား​ပေး​အပ်​ကာ သစ်​သား​ရုပ်​တု​တစ်​ခု ထု​လုပ်​စေ​ပြီး​လျှင်​ငွေ​ဖြင့်​မွမ်း​မံ​စေ​၏။ ထို​ရုပ်​တု​ကို​မိက္ခာ​၏​အိမ်​တွင်​ထား​ရှိ သတည်း။