သူ​ကြီး 17:2-8 BCL

2 သူ​သည်​မိ​မိ​၏​မိခင်​အား``မိ​ခင်​၏​ငွေ​တစ်​ဆယ့် တစ်​ပိ​ဿာ​ပျောက်​ဆုံး​သွား​စဉ်​အ​ခါ​က​ခိုး ယူ​သူ​အား မိ​ခင်​ကျိန်​ဆဲ​ခဲ့​သည်​ကို​ကျွန်​တော် ကြား​ရ​ပါ​သည်။ ထို​ငွေ​သည်​ကျွန်​တော့်​မှာ ရှိ​ပါ​သည်။ ကျွန်​တော်​ယူ​မိ​ပါ​သည်'' ဟု ပြော​လေ​သည်။သူ​၏​မိ​ခင်​က​လည်း``ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။-

3 သူ​သည်​ထို​ငွေ​ကို​မိခင်​အား​ပြန်​၍​ပေး​၏။ ထို အ​ခါ​မိ​ခင်​ဖြစ်​သူ​က``ငါ့​သား၊ ကျိန်​စာ မ​သင့်​စိမ့်​သော​ငှာ​ငါ​ကိုယ်​တိုင်​ပင်​ထို​ငွေ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပေး​လှူ​ဆက်​ကပ်​မည်။ ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​သစ်​သား​ရုပ်​တု တစ်​ခု​ကို​ပြု​လုပ်​ရာ​တွင် ထို​ငွေ​ကို​အ​သုံး ပြု​မည်​ဖြစ်​၍​သင့်​အား​ပြန်​ပေး​မည်'' ဟု​ဆို​၏။-

4 သား​ဖြစ်​သူ​သည်​လည်း​ထို​ငွေ​ကို​မ​ယူ​ဘဲ အ​မိ​အား​ပြန်​၍​ပေး​လေ​သည်။ ထို​အ​ခါ မိ​ခင်​သည်​ငွေ​နှစ်​ပိ​ဿာ​ကို​ယူ​၍​ပန်း​ထိမ် အား​ပေး​အပ်​ကာ သစ်​သား​ရုပ်​တု​တစ်​ခု ထု​လုပ်​စေ​ပြီး​လျှင်​ငွေ​ဖြင့်​မွမ်း​မံ​စေ​၏။ ထို​ရုပ်​တု​ကို​မိက္ခာ​၏​အိမ်​တွင်​ထား​ရှိ သတည်း။

5 ဤ​မိက္ခာ​ဆို​သူ​၌ မိ​မိ​ကိုယ်​ပိုင်​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တစ်​ခု​ရှိ​၏။ သူ​သည်​ရုပ်​တု များ​နှင့်​သင်​တိုင်း​တော်​တစ်​ခု​ကို​ပြု​လုပ် ပြီး​လျှင် မိ​မိ​သား​တစ်​ယောက်​အား​မိ​မိ ၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ခန့်​ထား လေ​သည်။-

6 ထို​ကာ​လ​၌​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဘု​ရင် မ​ရှိ​သေး​ချေ။ လူ​တိုင်း​ပင်​မိ​မိ​၏​စိတ် သ​ဘော​အ​တိုင်း​ပြု​လုပ်​လေ​သည်။

7 ထို​ကာ​လ​၌​ယု​ဒ​ပြည်​ဗက်​လင်​မြို့​တွင် နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​လူ​ငယ်​တစ်​ယောက်​သည်၊-

8 အ​ခြား​တစ်​မြို့​တစ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင် ရန်​ဗက်​လင်​မြို့​မှ​ထွက်​ခွာ​လာ​စဉ် ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​ရှိ​မိက္ခာ​၏​အိမ်​သို့​ရောက် ရှိ​လာ​လေ​သည်။-