သူ​ကြီး 19:12-13-19 BCL

12-13 သို့​ရာ​တွင်​သူ​၏​သ​ခင်​က``ဣ​သ​ရေ​လ အ​မျိုး​သား​မ​ဟုတ်​သူ​တို့​၏​မြို့​တွင် ငါ​တို့ မ​ရပ်​မ​နား​လို။ ရှေ့​သို့​အ​နည်း​ငယ်​ဆက် ၍​သွား​ပြီး​လျှင် ဂိ​ဗာ​မြို့​၌​အိပ်​ကြ​ကုန် အံ့'' ဟု​ဆို​လေ​သည်။-

14 သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ဗုတ်​မြို့​ကို​ကျော် ဖြတ်​၍​ဆက်​လက်​ခ​ရီး​ပြု​ရာ ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့​၏​နယ်​မြေ​ရှိ​ဂိဗာ​မြို့​သို့​ရောက်​ကြ​၏။ ထို​အ​ခါ​၌​နေ​ဝင်​လျက်​နေ​လေ​ပြီ။-

15 ထို့​ကြောင့်​သူ​တို့​သည်​ထို​မြို့​တွင်​အိပ်​စက် နား​နေ​ရန်​မြို့​ထဲ​သို့​ဝင်​ပြီး​လျှင် မြို့​တံ​ခါး အ​နီး​ရှိ​ကွက်​လပ်​၌​ထိုင်​နေ​ကြ​၏။ သို့​သော် လည်း​မည်​သူ​မျှ​မိ​မိ​အိမ်​တွင်​တည်း​ခို​ရန် သူ​တို့​အား​ခေါ်​ဖိတ်​ခြင်း​မ​ပြု​ကြ​ချေ။

16 ယင်း​သို့​သူ​တို့​ထိုင်​နေ​ကြ​စဉ်​အ​ဖိုး​အို တစ်​ယောက်​သည် ညဥ့်​ဦး​ယံ​၌​လယ်​လုပ်​ရာ​မှ ပြန်​လာ​လေ​သည်။ သူ​သည်​ယ​ခု​အ​ခါ​၌ ဂိ​ဗာ​မြို့​တွင်​နေ​ထိုင်​လျက်​ရှိ​သော်​လည်း အ​စ​က​မူ​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ (ထို​မြို့​ရှိ​အ​ခြား သူ​တို့​မှာ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​ဖြစ် သ​တည်း။-)

17 အ​ဖိုး​အို​သည်​မြို့​တံ​ခါး​အ​နီး​ကွက်​လပ် ရှိ​ခ​ရီး​သည်​ကို​မြင်​သော​အ​ခါ``သင်​အ​ဘယ် မှ​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​၏။

18 လေ​ဝိ​အ​မျိုး​သား​က​လည်း``ကျွန်ုပ်​တို့​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့​သို့​သွား​ရောက်​ခဲ့​ပြီး နောက် ကျွန်ုပ်​တို့​၏​နေ​အိမ်​ရှိ​ရာ​ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​အ​စွန်း​အ​ဖျား​သို့​ပြန် ရန်​ခ​ရီး​သွား​နေ​ကြ​ပါ​၏။ ကျွန်ုပ်​တို့​အား ဤ​ည​အ​တွက်​တည်း​ခို​ရန်​ဖိတ်​ခေါ်​သူ မ​ရှိ​ပါ။-

19 ကျွန်ုပ်​တို့​တွင်​မိ​မိ​တို့​မြည်း​များ​အ​တွက် ကောက်​ရိုး၊ ကျွန်ုပ်​နှင့်​ကျွန်ုပ်​၏​မ​ယား​နှင့် အ​စေ​ခံ​အ​တွက် အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​တို့​မှာ​တစ်​စုံ​တစ်​ခု မျှ​မ​လို​ပါ'' ဟု​ပြန်​ပြော​လေ​သည်။