9 သူသည်မိမိ၏မယားငယ်နှင့်အစေခံကို ခေါ်၍ ထွက်ခွာမည်ပြုသောအခါယောက္ခမ က``ကြည့်ပါညနေချမ်းအချိန်သို့ရောက် လေပြီ။ မကြာမီပင်မှောင်လာတော့အံ့။ ဤ အရပ်၌ပင်တစ်ညအိပ်၍ပျော်မွေ့စွာနေ ပါလော့။ နက်ဖြန်နံနက်စောစောထ၍ပြန် ပါလော့'' ဟုဆိုလေသည်။
10-11 သို့ရာတွင်လေဝိအမျိုးသားသည်နောက်တစ် ညမနေလိုတော့သဖြင့် ကုန်းနှီးတင်ထား သည့်မြည်းနှစ်စီးပါလျက် မိမိမယားငယ် နှင့်အတူစတင်ခရီးထွက်လေ၏။ သူတို့ သည်ယေရုရှလင်မြို့တည်းဟူသောယေဗုတ် မြို့သို့ရောက်သောအခါ နေ့အချိန်ကုန်လွန် ခါနီးလေပြီ။ ထို့ကြောင့်အစေခံကမိမိ ၏သခင်အား``ယေဗုသိအမျိုးသားတို့ နေထိုင်ရာမြို့၌ပင်အကျွန်ုပ်တို့အိပ်ကြ ရအောင်'' ဟုပြော၏။
12-13 သို့ရာတွင်သူ၏သခင်က``ဣသရေလ အမျိုးသားမဟုတ်သူတို့၏မြို့တွင် ငါတို့ မရပ်မနားလို။ ရှေ့သို့အနည်းငယ်ဆက် ၍သွားပြီးလျှင် ဂိဗာမြို့၌အိပ်ကြကုန် အံ့'' ဟုဆိုလေသည်။-
14 သို့ဖြစ်၍သူတို့သည်ယေဗုတ်မြို့ကိုကျော် ဖြတ်၍ဆက်လက်ခရီးပြုရာ ဗင်္ယာမိန်အနွယ် ဝင်တို့၏နယ်မြေရှိဂိဗာမြို့သို့ရောက်ကြ၏။ ထိုအခါ၌နေဝင်လျက်နေလေပြီ။-
15 ထို့ကြောင့်သူတို့သည်ထိုမြို့တွင်အိပ်စက် နားနေရန်မြို့ထဲသို့ဝင်ပြီးလျှင် မြို့တံခါး အနီးရှိကွက်လပ်၌ထိုင်နေကြ၏။ သို့သော် လည်းမည်သူမျှမိမိအိမ်တွင်တည်းခိုရန် သူတို့အားခေါ်ဖိတ်ခြင်းမပြုကြချေ။
16 ယင်းသို့သူတို့ထိုင်နေကြစဉ်အဖိုးအို တစ်ယောက်သည် ညဥ့်ဦးယံ၌လယ်လုပ်ရာမှ ပြန်လာလေသည်။ သူသည်ယခုအခါ၌ ဂိဗာမြို့တွင်နေထိုင်လျက်ရှိသော်လည်း အစကမူဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်ခဲ့သူဖြစ်၏။ (ထိုမြို့ရှိအခြား သူတို့မှာဗင်္ယာမိန်အနွယ်ဝင်များဖြစ် သတည်း။-)
17 အဖိုးအိုသည်မြို့တံခါးအနီးကွက်လပ် ရှိခရီးသည်ကိုမြင်သောအခါ``သင်အဘယ် မှလာသနည်း။ အဘယ်အရပ်သို့သွားမည် နည်း'' ဟုမေး၏။