သူ​ကြီး 2:19-23 BCL

19 သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​၏​ခေါင်း​ဆောင် ကွယ်​လွန်​သွား​သော​အ​ခါ​၌​မူ ဒုံ​ရင်း​သို့​ပြန် လည်​ဆိုက်​ရောက်​ကြ​လျက် ယ​ခင်​လူ​မျိုး​ဆက် မှ​လူ​တို့​ထက်​ပင်​ပို​မို​ဆိုး​ရွား​စွာ​ပြု​မူ​ကျင့် ကြံ​တတ်​ကြ​၏။ အ​ခြား​ဘု​ရား​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လမ်း​စဉ်​ကို လိုက်​မြဲ​လိုက်​ကြ​ကုန်​သည်။-

20 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ လူ​မျိုး​အား လွန်​စွာ​အ​မျက်​ထွက်​တော်​မူ​၍``ဤ လူ​မျိုး​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်။ စောင့် ထိန်း​ရန်​အ​တွက်​သူ​တို့​၏​ဘိုး​ဘေး​များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက် ကြ​၏။-

21 ထို့​ကြောင့်​ယော​ရှု​ကွယ်​လွန်​စဉ်​အ​ခါ​က​ပင် ဤ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သည့်​အ​ဘယ် လူ​မျိုး​ကို​မျှ​ငါ​နှင်​ထုတ်​တော့​မည်​မ​ဟုတ်။-

22 ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ​၏ လမ်း​စဉ်​ကို​သူ​တို့​ဘိုး​ဘေး​များ​လိုက်​လျှောက် ခဲ့​ကြ​သ​ကဲ့​သို့ လိုက်​လျှောက်​မည်​မ​လိုက်​လျှောက် မည်​ကို​သိ​ရှိ​စေ​ရန် ငါ​သည်​ဤ​ပြည်​ရှိ​လူ​မျိုး တို့​ကို​အ​သုံး​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။-

23 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​လူ​မျိုး တို့​အား ထို​ပြည်​၌​ပင်​ဆက်​လက်​နေ​ထိုင်​ခွင့်​ပြု တော်​မူ​၏။ ကိုယ်​တော်​သည်​ယော​ရှု​အား​ထို​သူ တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​ခွင့်​ပေး​တော်​မ​မူ။ ယော​ရှု​ကွယ်​လွန်​ပြီး​သော​အ​ခါ​၌​လည်း​သူ တို့​အား​အ​ဆော​တ​လျင်​နှင်​ထုတ်​ခြင်း​ကို ပြု​တော်​မ​မူ။