သူ​ကြီး 5:10-16 BCL

10 ကုန်း​နှီး​ပေါ်​တွင်​ထိုင်​၍​မြည်း​ဖြူ​ကို​စီး​ကြ သူ​တို့​နှင့် သွား​လာ​လေ​ရာ​တွင်ခြေ​လျင်​လျှောက်​ရ​သူ​တို့​ဤ​အ​ကြောင်း အ​ရာ​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။

11 နား​ထောင်​ကြ​လော့။ရေ​တွင်း​များ​ပတ်​လည်​တွင်​ဆူ​ညံ​နေ​သော လူ​အုပ်​တို့​သည်ထာ​ဝ​ရ​ဘု​ရား​၏​အောင်​ပွဲ​တော် အ​ကြောင်း​ကို​လည်း​ကောင်းဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​ပွဲ​များအ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား​လျက်​နေ ကြ​၏။ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​မြို့​များ​မှ​ချီ​တက်​လာ​ကြ​၏။

12 ရှေ့​ဆောင်​ပါ​လော့။ အို ဒေ​ဗော​ရ​ရှေ့​ဆောင်​ပါ​လော့။ရှေ့​ဆောင်​ပါ​လော့။ သီ​ချင်း​ဆို​ပါ​လော့။ ရှေ့​ဆောင်​ပါ​လော့။အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ရှေ့​သို့​ချီ​တက်​ပါ​လော့။သင်​၏​သုံ့​ပန်း​တို့​ကို​ထုတ်​ဆောင်​သွား​ပါ​လော့။

13 ထို​နောက်​သစ္စာ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ ခေါင်း​ဆောင်​များ​ထံ​သို့​လာ​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည်​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​လျက်​သူ့​ထံ​သို့​လာ​ကြ​၏။

14 သူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​နောက်​က လိုက်​၍ဧ​ဖ​ရိမ်​နယ်​မြေ​မှ​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​လာ ကြ​၏။စစ်​သူ​ကြီး​များ​သည်​မာ​ခိ​ရ​အ​နွယ်​ထဲ​မှ လည်း​ကောင်းစစ်​အ​ရာ​ရှိ​တို့​သည်​ဇာ​ဗု​လုန်​အ​နွယ် ထဲ​မှ​လည်း​ကောင်း​ဆင်း​လာ​ကြ​၏။

15 ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​၏​ခေါင်း​ဆောင်​များ သည် ဒေ​ဗော​ရ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ လိုက်​လာ​ကြ​၏။သူ​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ​လိုက်​၍ ချိုင့်​ထဲ​သို့​ဆင်း​ခဲ့​ကြ​၏။ရု​ဗင်​အ​နွယ်​ဝင်​တို့​မူ​ကား​ညီ​ညွတ်​မှု​မ​ရှိ​သဖြင့် လိုက်​ပါ​လာ​ရန်​မိ​မိ​တို့​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။

16 သူ​တို့​သည်​အ​ဘယ်​ကြောင့်​သိုး​များ​နှင့်​အ​တူ နေ​ရစ်​ခဲ့​ကြ​ပါ​သ​နည်း။သိုး​စု​များ​အား​သိုး​ထိန်း​တို့​ခေါ်​သံ​ကို နား​ထောင်​လို​၍​လော။ရု​ဗင်​အ​နွယ်​ဝင်​တို့​ညီ​ညွတ်​မှု​မ​ရှိ​သည်​ကား မှန်​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။