သူ​ကြီး 5:23-29-30 BCL

23 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ``မေ​ရော​ဇ​မြို့​ကို​ကျိန်​ဆဲ​ကြ​လော့။ထို​မြို့​သား​တို့​အား​ကျိန်​ဆဲ​ကြ​လော့။သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​မှ ကူ​ညီ​ရန်​မ​လာ​ကြ။ထာ​ဝ​ရ​ဘု​ရား​အ​တွက်​တိုက်​ခိုက်​ရန်စစ်​သည်​တော်​များ​မ​လာ​ကြ'' ဟု​မြွက်​ဆို​၏။

24 ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​၏​ဇ​နီး​ယေ​လ​သည်တဲ​ရှင်​တွင်​နေ​ထိုင်​သူ၊အ​မျိုး​သ​မီး​တို့​အ​နက် မင်္ဂ​လာ​အ​ရှိ​ဆုံး​ဖြစ်​၏။

25 သိ​သ​ရ​သည်​ရေ​ကို​တောင်း​သော်​လည်း​ယေ​လ​က နို့​ကို​ပေး​၏။လှ​ပ​သော​ခွက်​ဖ​လား​ဖြင့်​နို့​ကို​ပေး​၏။

26 သူ​သည်​တဲ​ရှင်​ငုတ်​ချွန်​တစ်​ခု​ကို​လက်​တစ်​ဘက်​နှင့် ယူ​၍​အ​လုပ်​သ​မား​တူ​တစ်​လက်​ကိုအ​ခြား​လက်​တစ်​ဖြင့်​ကိုင်​ပြီး​လျှင်​သိ​သ​ရ​၏ ဦး​ခေါင်း​ကို​ရိုက်​သွင်း​လိုက်​ရာငုတ်​ချွန်​သည်​သူ​၏​ဦး​ခေါင်း​ကို​ထုတ်​ချင်း ပေါက်​၍​သွား​လေ​သည်။

27 သိ​သ​ရ​သည်​လဲ​ကျ​ပြီး​လျှင်​ယေ​လ​၏ ခြေ​ရင်း​၌ မ​လှုပ်​မ​ရှား​ဘဲ​နေ​၏။သူ​သည်​မြေ​ပေါ်​သို့​လဲ​ကျ​ကာ​ယေ​လ​၏​ခြေ​ရင်း​၌ သေ​လျက်​နေ​၏။

28 သိ​သ​ရ​၏​မိ​ခင်​သည်​ပြူ​တင်း​ပေါက်​မှ​မျှော် ၍​ကြည့်​၏။ သူ​သည်​တ​ရုတ်​ကပ်​၏​နောက်​မှ​ငေး​၍​ကြည့်​၏။``သူ​၏​ရ​ထား​သည်​အ​ဘယ်​ကြောင့်​ကြန့်​ကြာ​၍ နေ​ပါ​သ​နည်း။သူ​၏​မြင်း​တို့​သည်​အ​ဘယ်​ကြောင့်​အ​ပြန်​နှေး​လျက် နေ​ပါ​သ​နည်း'' ဟု​မြည်​တမ်း​ပြော​ဆို​လျက်​နေ​၏။

29-30 သူ​၏​ပ​ညာ​ရှိ​နန်း​တွင်း​သူ​တို့​က``သူ​တို့​သည် ဖမ်း​ဆီး​သိမ်း​ယူ​၍​ဝေ​ငှ​ရန်​အ​တွက်၊ပစ္စည်း​ဥစ္စာ​များ​ကို​ရှာ​ဖွေ​လျက်​ရှိ​ကြ​ပါ​မည်။စစ်​သား​တစ်​ယောက်​စီ​အ​တွက်​အ​ပျို​က​ညာ တစ်​ယောက်​နှစ်​ယောက်​ကို​လည်း​ကောင်း၊သိ​သ​ရ​အ​တွက်​အ​ဖိုး​ထိုက်​အ​ဝတ် အ​ထည်​နှင့် မိ​ဖု​ရား​အ​တွက်၊ပန်း​ထိုး​လည်​စည်း​တန်​ဆာ​တို့​ကို​လည်း​ကောင်းရှာ​ဖွေ​လျက်​နေ​သော​ကြောင့်​ပင်​ဖြစ်​တန်​ရာ​၏'' ဟုပြန်​လည်​ဖြေ​ကြား​ကြ​သ​ဖြင့်​သူ​ကိုယ်​တိုင်​လည်းထို​အ​တိုင်း​အ​ဖန်​တ​လဲ​လဲ​တွေး​တော​လျက် နေ​သ​တည်း။