သူ​ကြီး 7:6-12 BCL

6 ရေ​ကို​လက်​ခုပ်​ဖြင့်​ယူ​ပြီး​လျှင်​လျှာ​နှင့် လျက်​သောက်​သော​လူ​အ​ရေ​အ​တွက်​မှာ သုံး​ရာ​ရှိ​၍ ကျန်​သော​သူ​တို့​မူ​ကား​ဒူး ထောက်​၍​ရေ​ကို​သောက်​သူ​များ​ဖြစ်​ကြ​၏။-

7 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ရေ​ကို​လျှာ ဖြင့်​လျက်​သောက်​သော​သူ​သုံး​ရာ​အား​ဖြင့် သင့်​ကို​ကယ်​ဆယ်​၍​မိ​ဒျန်​အ​မျိုး​သား တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ​မည်။ အ​ခြား သူ​အ​ပေါင်း​တို့​ကို​အိမ်​သို့​ပြန်​ရန်​ပြော ကြား​လော့'' ဟု​ဂိ​ဒေါင်​အား​မိန့်​တော် မူ​၏။-

8 သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​ရိက္ခာ​နှင့်​တံ​ပိုး ခ​ရာ​ရှိ​သ​မျှ​ကို ယူ​ထား​သော​လူ​သုံး​ရာ မှ​တစ်​ပါး​အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ကို​အိမ်​သို့​ပြန်​စေ​၏။ မိ​ဒျန်​အ​မျိုး​သား​များ​၏​တပ်​စ​ခန်း​မှာ အ​နိမ့်​ပိုင်း​ချိုင့်​ထဲ​တွင်​ရှိ​သ​တည်း။

9 ထို​ည​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင် အား``ထ​၍​သူ​တို့​၏​တပ်​စ​ခန်း​ကို​တိုက် ခိုက်​လော့။ သင့်​အား​အောင်​ပွဲ​ကို​ငါ​ပေး​မည်။-

10 သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​သူ​တို့​အား တိုက်​ခိုက်​ရန်​ကြောက်​လန့်​နေ​ပါ​မူ သင်​၏ အ​စေ​ခံ​ဖုရ​ကို​ခေါ်​၍​ထို​တပ်​စ​ခန်း​သို့ သွား​လော့။-

11 သူ​တို့​ပြော​ဆို​နေ​ကြ​သော​စ​ကား​ကို​သင် ကြား​သိ​ရ​လိမ့်​မည်။ ထို​အ​ခါ​သင်​သည်​တိုက် ခိုက်​ရန်​ရဲ​စွမ်း​သတ္တိ​ကို​ရ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အ​စေ ခံ​ဖု​ရ​နှင့်​အ​တူ ရန်​သူ့​တပ်​စ​ခန်း​အ​စွန် နား​သို့​သွား​လေ​သည်။-

12 မိ​ဒျန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​တို့​သည်​ကျိုင်း​ကောင် အုပ်​ကြီး​သ​ဖွယ်​ချိုင့်​၌​အိပ်​နေ​ကြ​၏။ သူ တို့​၏​ကု​လား​အုတ်​များ​သည်​သ​မုဒ္ဒ​ရာ ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။