7 ငါသည်ယုဒပြည်သားတို့ကိုမူကား သနားကြင်နာဦးမည်။ သူတို့၏ဘုရားသခင်ငါထာဝရဘုရားသည်သူတို့ အားကယ်တင်မည်။ သို့ရာတွင်စစ်တိုက် ခြင်းအားဖြင့်လည်းကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်းတပ်အားဖြင့်လည်းကောင်းသူ တို့အားကယ်တင်မည်မဟုတ်။
8 ဂေါမာသည်သမီးကိုနို့ခွဲပြီးသောအခါ ပဋိသန္ဓေစွဲ၍သားတစ်ယောက်ကိုဖွားမြင် ၏။-
9 ထိုအခါထာဝရဘုရားကဟောရှေ အား``ဣသရေလပြည်သားတို့သည်ငါ ၏လူစုမဟုတ်၊ ငါသည်လည်းသူတို့၏ ဘုရားသခင်မဟုတ်သောကြောင့်ထိုသား ကို`ငါ့လူမျိုးမဟုတ်' ဟုနာမည်မှည့်လော့'' ဟုမိန့်တော်မူ၏။
10 ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
11 ယုဒပြည်သားတို့နှင့်ဣသရေလပြည် သားတို့သည်ပြန်လည်ပေါင်းစည်းကြလိမ့် မည်။ သူတို့သည်သူတို့အတွက်ခေါင်းဆောင် တစ်ဦးကိုရွေးကောက်တင်မြှောက်ကြလိမ့် မည်။ သူတို့သည်မိမိတို့နိုင်ငံတွင်ကြီးပွား တိုးတက်လာကြလိမ့်မည်။ ယေဇရေလနေ့ သည်နေ့ကြီးရက်ကြီးဖြစ်လိမ့်မည်'' ဟုမိန့် တော်မူ၏။