1 ထာဝရဘုရားက၊``ဣသရေလငယ်စဉ်ကငါသည်သူ့ကိုချစ်၍၊ငါသည်သူ့ကိုသားအဖြစ်နှင့်အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့၏။
2 သို့သော်ငါသည်သူ့ကိုခေါ်လေလေသူသည် ငါ့ထံမှထွက်ခွာသွားလေလေပင်ဖြစ်သည်။ငါ၏လူမျိုးတော်သည်ဗာလဘုရားထံယဇ်ပူဇော်၍ရုပ်တုများအားနံ့သာပေါင်း ကို မီးရှို့ပူဇော်ကြ၏။
3 သို့ရာတွင်ငါသာလျှင်ဧဖရိမ်ကိုလမ်းလျှောက်တတ်ရန်သင်ပေးခဲ့သူဖြစ်၍၊ ငါသည်သူတို့ကိုလက်ဖြင့်ပိုက်ထွေးခဲ့၏။သို့သော်လည်းငါသည်သူတို့အားစောင့် ရှောက် ပြုစုခဲ့ကြောင်းကိုသူတို့မသိ။
4 ငါသည်သူတို့ကိုမေတ္တာဖြင့်ဆွဲဆောင်ခဲ့၏။သူတို့ကိုပါးချင်းကပ်သည်တိုင်အောင်ပွေ့ချီ၏။ငါသည်ကိုယ်ကိုညွတ်၍သူတို့ကိုကျွေးမွေး ပြုစုခဲ့၏။