ဟော​ရှေ 11:9-12 BCL

9 ငါ​သည်​အ​မျက်​ထွက်​၍​သင့်​အား​ဒဏ်​ခတ်​တော် မ​မူ၊ငါ​သည်​ဣ​သ​ရေ​လ​အား​နောက်​တစ်​ဖန် သုတ်​သင်​ဖျက်​ဆီး​မည်​မ​ဟုတ်၊အ​ဘယ်​ကြောင့်​ဆို​သော်၊ငါ​သည်​လူ​သား​မဟုတ်၊ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်၊ငါ​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ တော်​မူ​၏။ငါ​သည်​အ​မျက်​ထွက်​လျက်​သင်​တို့​ထံ​သို့ ကြွ​လာ​မည်​မ​ဟုတ်။

10 ``ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ငါ​သည် ရန်​သူ​များ ကို​ဟောက်​သည့်​အ​ခါ​ငါ​၏​လူ​မျိုး​တော်​သည် ငါ့​နောက်​သို့​လိုက်​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​နောက်​အ​ရပ်​မှ​ငါ့​ထံ​သို့​အ​ဆော တ​လျင်​လာ​ကြ​လိမ့်​မည်။-

11 ငှက်​များ​ကဲ့​သို့​အီ​ဂျစ်​ပြည်​မှ​လည်း​ကောင်း၊ ချိုး​ငှက်​ကဲ့​သို့​အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း လျင်​မြန်​စွာ​ပျံ​လာ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​တစ်​ဖန်​ခေါ် ဆောင်​လာ​မည်။ ဤ​သည်​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​သ​တည်း။

12 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား​တို့ သည် ငါ့​အား​မု​သား​စ​ကား​ပြော​ဆို​၍​လှည့် စား​ကြ​ပြီ။ ယု​ဒ​ပြည်​သား​တို့​သည်​သန့်​ရှင်း မြင့်​မြတ်​၍​သစ္စာ​တော်​တည်​မြဲ​သော​ငါ ဘု​ရား​သ​ခင်​အား​ပုန်​ကန်​နေ​ကြ​သေး​၏။