ဟော​ရှေ 14:1-4 BCL

1 ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ ကြ​လော့။ သင်​တို့​သည်​သင်​တို့​၏​အ​ပြစ်​ကြောင့် ခြေ​ချော်​၍​လဲ​ကြ​ပြီ။-

2 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍ ကိုယ် တော်​ထံ​ဤ​ဆု​တောင်း​ပတ္ထ​နာ​ကို​ဆက်​သ လျှောက်​ထား​လော့``အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ ကို​လွှတ်​၍၊ ကျေး​ဇူး​တော်​အား​ဖြင့်​အ​ကျွန်ုပ် တို့​အား​လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ပြု ထား​သော​က​တိ​အ​တိုင်း ကိုယ်​တော်​၏​ဂုဏ် တော်​ကို​ချီး​မွမ်း​ပါ​မည်။-

3 အာ​ရှု​ရိ​ဘု​ရင်​သည်​အ​ကျွန်ုပ်​တို့​ကို​မ ကယ်​နိုင်​ပါ။ စစ်​ရ​ထား​များ​သည်​အ​ကျွန်ုပ် တို့​ကို​မ​ကာ​ကွယ်​နိုင်​ပါ။ အ​ကျွန်ုပ်​တို့​လက် ဖြင့်​လုပ်​သော​ရုပ်​တု​များ​ကို အ​ကျွန်ုပ်​တို့​၏ ဘု​ရား​ဟု​နောက်​တစ်​ဖန်​မ​ခေါ်​တော့​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ခို​ကိုး​ရာ မဲ့​သော​သူ​တို့​အား​ကြင်​နာ​သ​နား​တော် မူ​ပါ​၏။''

4 ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​၏​လူ​မျိုး​တော်​ကို​ငါ့​ထံ​သို့ ပြန်​လာ​စေ​မည်။ငါ​သည်​သူ​တို့​အား​အ​ကြွင်း​မဲ့​ချစ်​မည်။ သူ​တို့​အ​ပေါ်​၌​အ​မျက်​တော်​ပြေ​ပြီ။