ဟော​ရှေ 2:18-23 BCL

18 ထို​အ​ခါ​ငါ​သည်​သား​ရဲ၊ ငှက်​အ​ပေါင်း​တို့ နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍၊ ဋ္ဌား၊ လေး​မြား​နှင့်​စစ်​ပွဲ များ​ကို​တိုင်း​နိုင်​ငံ​မှ​ဖယ်​ရှား​သ​ဖြင့် ငါ​၏ လူ​မျိုး​တော်​သည်​အေး​ချမ်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​ကြ​လိမ့်​မည်။

19 ဣ​သ​ရေ​လ၊ငါ​သည်​သင့်​အား​ဇ​နီး​အ​ဖြစ် သိမ်း​ပိုက်​မည်။ သင့်​အ​ပေါ်​၌​ငါ​၏​သစ္စာ​ခိုင်​မြဲ​မည်။သင့်​အား​မေတ္တာ​က​ရု​ဏာ​ထား​၍​တ​ရား​ဝင် ဇ​နီး​အ​ဖြစ်​ရာ​သက်​ပန်​သိမ်း​ပိုက်​မည်။

20 ငါ​၏​က​တိ​သစ္စာ​နှင့်​အ​ညီ​သင့်​ကို​ငါ​သိမ်း ပိုက်​မည်။သင်​သည်​ငါ့​ကို​ထာ​ဝ​ရ​ဘု​ရား​အ​ဖြစ် အ​သိ​အ​မှတ်​ပြု​လိမ့်​မည်။

21-22 ထို​အ​ခါ​၌​ငါ​၏​လူ​မျိုး​တော်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ငါ​သည်​မြေ​ကြီး​ပေါ်​တွင်​မိုး​ကို​ရွာ​စေ​သ​ဖြင့်မြေ​ကြီး​မှ​စ​ပါး၊ စ​ပျစ်​သီး​နှင့်​သံ​လွင်​သီး များ သီး​လိမ့်​မည်။

23 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ပြည်​တော်​တွင်​နေ ထိုင်​စေ​၍ သူ​တို့​အား​ကြီး​ပွား​တိုး​တက်​စေ​မည်။ငါ​သည်``မေတ္တာ​မဲ့'' နာ​မည်​ခံ​သူ​တို့​ကို ချစ်​ခင်​မြတ်​နိုး​မည်။``ငါ​၏​လူ​မျိုး​တော်​မ​ဟုတ်'' နာ​မည်​ခံ​သူ​တို့​ကိုငါ​က`သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သည်' ဟု မိန့်​တော်​မူ​၍သူ​တို့​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင် ဖြစ်​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ကြ​လိမ့်​မည်။