ဟော​ရှေ 4:1-4 BCL

1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့။ ဤ တိုင်း​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ထာ​ဝ​ရ ဘု​ရား​စွပ်​စွဲ​တော်​မူ​ချက်​ရှိ​ပေ​၏။ ကိုယ်​တော် က``ဤ​တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​မေတ္တာ တ​ရား​ဟူ​၍​မ​ရှိ။ ငါ​သည်​ဘု​ရား​ဖြစ်​သည် ဟု​ပြည်​သူ​တို့​က​အ​သိ​အ​မှတ်​မ​ပြု​ကြ။-

2 သူ​တို့​သည်​က​တိ​မ​တည်​ခြင်း၊ မု​သား စ​ကား​ကို​ပြော​ခြင်း၊ လူ့​အ​သက်​ကို​သတ် ခြင်း၊ သူ​တစ်​ပါး​ဥစ္စာ​ပစ္စည်း​ကို​ခိုး​ယူ​ခြင်း၊ သူ​တစ်​ပါး​သား​မ​ယား​ကို​ပြစ်​မှား​ခြင်း တို့​ကို​ပြု​၏။ တ​ရား​လက်​လွတ်​နေ​ထိုင်​၍ လူ​သတ်​မှု​များ​ကို​အ​ထပ်​ထပ်​ကူး​လွန် ကြ​၏။-

3 သို့​ဖြစ်​၍​ဤ​ပြည်​သည်​ခြောက်​သွေ့​လျက် သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ တိ​ရစ္ဆာန်​များ၊ ငှက်​များ နှင့်​ပင်​လယ်​ထဲ​ရှိ​ငါး​များ​ပင်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

4 ထာ​ဝ​ရ​ဘု​ရား​က``မည်​သူ​မျှ​ပြည်​သား တို့​အား​မ​စွပ်​စွဲ​မ​ဆုံး​မ​စေ​နှင့်၊ ငါ​၌​ယဇ် ပု​ရော​ဟိတ်​တို့​အား​စွပ်​စွဲ​ရန်​အ​ချက်​ရှိ​သည်။-