ဟော​ရှေ 4:10-16 BCL

10 သင်​တို့​သည်​ပူ​ဇော်​သ​ကာ​ဝေ​စု​ကို​စား ရ​သော်​လည်း​အ​ဆာ​ပြေ​လိမ့်​မည်​မ​ဟုတ်၊ သင်​တို့​သည်​သား​သ​မီး​ဖြစ်​ထွန်း​စေ​တတ် သော​နတ်​ဘု​ရား​များ​ကို​ကိုး​ကွယ်​သော် လည်း​သား​သ​မီး​မ​ထွန်း​ကား၊ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်၊ ငါ​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​၍​အ​ခြား​သော​ဘု​ရား ကို​ကိုး​ကွယ်​ကြ​ပြီ။-

11 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​စု​သည်​စ​ပျစ် ရည်​သစ်၊ စ​ပျစ်​ရည်​ဟောင်း​တို့​ကို​သောက်​စား ယစ်​မူး​သ​ဖြင့်​အ​သိ​ဉာဏ်​ကင်း​မဲ့​လျက် ရှိ​၏။-

12 သူ​တို့​သည်​သစ်​သား​နတ်​ဘု​ရား​ထံ​ဗေ​ဒင် မေး​ကြ​သည်။ တုတ်​ချောင်း​က​လူ​တို့​သိ​လို သ​မျှ​ကို​ပြော​ပြ​သည်။ သူ​တို့​သည်​ငါ့​ကို စွန့်​သွား​ကြ​ပြီ။ ပြည့်​တန်​ဆာ​မ​ဘ​ဝ​သို့ ရောက်​သော​မိန်း​မ​ကဲ့​သို့​သူ​တို့​သည်​အ​ခြား သော​ဘု​ရား​များ​ထံ​၌​ဆည်း​ကပ်​ကြ​၏။-

13 သူ​တို့​သည်​တောင်​ထိပ်​များ​ပေါ်​ရှိ​ကိုး​ကွယ် ရာ​ဌာ​န​များ​၌​ယဇ်​ပူ​ဇော်​ကြ​၍ တောင် ကုန်း​များ​ပေါ်​ရှိ​အ​ရိပ်​ကောင်း​သော​သစ် ပင်​ကြီး​များ​အောက်​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​သည်။``ထို့​ကြောင့်​သင်​တို့​၏​သ​မီး​များ​သည် ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက်​၍​သင်​တို့ ၏​ချွေး​မ​များ​သည်​မျောက်​မ​ထား​ကြ​၏။-

14 သို့​ရာ​တွင်​သူ​တို့​ကို​ငါ​ဒဏ်​ခတ်​တော်​မ​မူ။ သင်​တို့​ကိုယ်​တိုင်​နတ်​ဘု​ရား​ကိုး​ကွယ်​ရာ ဌာ​န​ဆိုင်​ရာ​ပြည့်​တန်​ဆာ​မ​များ​နှင့်​ပေါင်း ဖော်​၍ နတ်​ဘု​ရား​များ​ကို​အ​တူ​တ​ကွ ပူ​ဇော်​ပ​သ​လေ့​ရှိ​သော​ကြောင့်​ပေ​တည်း။ `အ​သိ​ဉာဏ်​ကင်း​မဲ့​သော​လူ​မျိုး​သည်​ပျက် စီး​ဆုံး​ရှုံး​ရ​လိမ့်​မည်' ဟူ​၍​ဆို​ရိုး​စကား ရှိ​သည်​အ​တိုင်း​ပင်​ဖြစ်​၏။

15 ``အ​သင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ငါ့​အား​သစ္စာ​မဲ့​ကြ​သော်​လည်း ယု​ဒ​ပြည် သား​တို့​သည်​ထို​အ​ပြစ်​မျိုး​ကို​မ​ကူး လွန်​မိ​ပါ​စေ​နှင့်၊ ဂိ​လ​ဂါ​လ​မြို့​သို့​မ ဟုတ်​ဗေ​သ​လ​မြို့​များ​တွင်​ဘု​ရား​ဝတ် ပြု​ခြင်း​မ​ပြု​ကြ​နှင့်။ ထို​မြို့​များ​တွင် အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​တိုင်​တည်​၍​ကျိန်​တွယ် ပြော​ဆို​မှု​မ​ပြု​ကြ​နှင့်။-

16 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ထိန်း ကျောင်း​ရ​ခက်​သော​နွား​မ​တမ်း​ကဲ့​သို့​ပေ ကပ်​ကပ်​နိုင်​လှ​၏။ ငါ​သည်​သူ​တို့​အား သိုး​က​လေး​များ​သ​ဖွယ်​စား​ကျက်​တွင် မည်​ကဲ့​သို့​ထိန်း​ကျောင်း​နိုင်​ပါ​အံ့​နည်း။-