ဟော​ရှေ 5:1-4 BCL

1 ``ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​နာ​ကြ​လော့၊ ဣ​သ​ရေ​လ​ပြည်​သား​တို့​ဂ​ရု​စိုက်​နား ထောင်​ကြ​လော့။ မင်း​မျိုး​မင်း​နွယ်​တို့​နား ထောင်​ကြ​လော့။ သင်​တို့​ကိုယ်​တိုင်​မှန်​ကန်​စွာ စီ​ရင်​ရ​မည့်​သူ​များ​ဖြစ်​သည်။ ထို​အ​တိုင်း ပင်​သင်​တို့​ကို​လည်း​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း ခံ​ရ​ကြ​မည်။ သင်​တို့​သည်​မိ​ဇ​ပါ​မြို့​တွင် ထောင်​သော​ထောင်​ချောက်၊ တာ​ဗော်​တောင်​တွင် ဖြန့်​ထား​သော​ပိုက်​ကွန်၊-

2 အ​ကာ​ရှာ​မြို့​တွင်​တူး​ထား​သော​ကျင်း နက်​ဖြစ်​ကြ​ပြီ။ ထို့​ကြောင့်​ငါ​သည်​သင် တို့​အား​လုံး​ကို​ဒဏ်​ခတ်​မည်။-

3 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​ကြောင်း​ကို​သိ​သ​ဖြင့် သူ​တို့​၏​ဒု​စ​ရိုက် ကို​ဖုံး​ကွယ်​၍​မ​ရ​နိုင်၊ သူ​တို့​သည်​ငါ့​အား သစ္စာ​ဖောက်​သ​ဖြင့် ငါ​နှင့်​မ​ထိုက်​တန်​တော့ ပြီ'' ဟု​မိန့်​တော်​မူ​၏။

4 ``သူ​တို့​သည်​ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့် သူ​တို့​၏​ဘု​ရား​သ​ခင်​ထံ​သို့​ပြန်​၍​မ​လာ နိုင်​ကြ။ သူ​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ခြင်း ကို​စွဲ​လန်း​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား ကို​မ​သိ​ကြ။-