ဟော​ရှေ 5:12-15 BCL

12 ငါ​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​ကို​ဖျက် ဆီး​၍​ယု​ဒ​ပြည်​သား​တို့​အား​ပျက်​သုဉ်း စေ​မည်။''

13 ``ဣ​သ​ရေ​လ​နိုင်​ငံ​သည်​မိ​မိ​၏​အ​နာ ရော​ဂါ​ကို​လည်း​ကောင်း၊ ယု​ဒ​နိုင်​ငံ​သည် မိ​မိ​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​လည်း ကောင်း​မြင်​ရ​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ သည်​အာ​ရှု​ရိ​နိုင်​ငံ​ဧ​က​ရာဇ်​မင်း​ထံ​သွား ၍​အ​ကူ​အ​ညီ​တောင်း​၏။ သို့​ရာ​တွင် ဧ​က​ရာဇ်​မင်း​သည်​သူ​တို့​၏​ရော​ဂါ ကို မ​ကု​သ​မ​ပျောက်​ကင်း​စေ​နိုင်။-

14 ငါ​သည်​ခြင်္သေ့​သ​ဖွယ်​ဣ​သ​ရေ​လ​ပြည် သား​နှင့်​ယု​ဒ​ပြည်​သား​တို့​ကို​တိုက်​ခိုက် မည်။ ငါ​ကိုယ်​တော်​တိုင်​သူ​တို့​ကို​အ​စိတ်​စိတ် အ​မြွှာ​မြွှာ​ဆုတ်​ဖြဲ​ပြီး​နောက်​စွန့်​ပစ်​ထား မည်။ ငါ​သည်​သူ​တို့​ကို​ဆွဲ​ငင်​ထုတ်​ယူ​သွား သည့်​အ​ခါ​မည်​သူ​မျှ​သူ​တို့​ကို​မ​ကယ် နိုင်။''

15 ``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​အ​ပြစ် ကို​သိ​၍ ငါ့​ထံ​သို့​ပြန်​လာ​မည့်​အ​ချိန်​ရောက် သည်​အ​ထိ​ငါ​သည်​သူ​တို့​ကို​စွန့်​ပစ်​ထား မည်။ သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​စဉ် ငါ့​အား​ကြိုး​စား​၍​ရှာ​ကြ​လိမ့်​မည်။''