ဟော​ရှေ 5:7-13 BCL

7 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​ဖောက် ကြ​ပြီ။ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း ကိုယ်​တော်​နှင့်​ဆိုင်​သော​သား​သ​မီး​များ​မ ဟုတ်။ သို့​ဖြစ်​၍​ဤ​သူ​တို့​နှင့်​သူ​တို့​၏​လယ် မြေ​များ​မ​ကြာ​မီ​ပျက်​စီး​ကြ​လိမ့်​မည်။''

8 ``ဂိ​ဗာ​မြို့​တွင်​တံ​ပိုး​ခ​ရာ​ကို​မှုတ်​လော့၊ ရာ​မ မြို့​တွင်​တပ်​လှန့်​သံ​ကို​ပေး​လော့။ ဗေ​သ​ဝင် မြို့​တွင်​စစ်​ချီ​သံ​ကြွေး​ကြော်​လော့၊ ဗင်္ယာ​မိန် မျိုး​နွယ်​တို့​တိုက်​ပွဲ​ဝင်​ကြ။-

9 အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရောက်​လာ​ပြီ​ဖြစ် ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပျက် စီး​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဤ​အ​ရာ​သည်​မု​ချ​ဖြစ်​လိမ့်​မည်။''

10 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ ကို​ဝင်​ရောက်​တိုက်​ခိုက်​၍​သူ​တို့​၏​မြေ​ယာ ကို​ခိုး​ယူ​ကြ​သ​ဖြင့် ငါ​သည်​အ​မျက်​ထွက် ၍​ရေ​လွှမ်း​မိုး​ဖျက်​ဆီး​သ​ကဲ့​သို့​သူ​တို့ အား​ဒဏ်​စီ​ရင်​မည်။-

11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ညှင်း​ဆဲ နှိပ်​စက်​ခြင်း​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည် အ​ကူ​အ​ညီ​မ​ပေး​နိုင်​သူ​ရုပ်​တု​တို့​ထံ မှ အ​ကူ​အညီ​တောင်း​ခံ​ရန်​ဆန္ဒ​ပြင်း​ပြ နေ​သည်။-

12 ငါ​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​ကို​ဖျက် ဆီး​၍​ယု​ဒ​ပြည်​သား​တို့​အား​ပျက်​သုဉ်း စေ​မည်။''

13 ``ဣ​သ​ရေ​လ​နိုင်​ငံ​သည်​မိ​မိ​၏​အ​နာ ရော​ဂါ​ကို​လည်း​ကောင်း၊ ယု​ဒ​နိုင်​ငံ​သည် မိ​မိ​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​လည်း ကောင်း​မြင်​ရ​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ သည်​အာ​ရှု​ရိ​နိုင်​ငံ​ဧ​က​ရာဇ်​မင်း​ထံ​သွား ၍​အ​ကူ​အ​ညီ​တောင်း​၏။ သို့​ရာ​တွင် ဧ​က​ရာဇ်​မင်း​သည်​သူ​တို့​၏​ရော​ဂါ ကို မ​ကု​သ​မ​ပျောက်​ကင်း​စေ​နိုင်။-