9 ``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''
10 ဤအကြောင်းကြောင့်ပင်လျှင်မိုးသည်ခေါင် လျက် အဘယ်အသီးအနှံကိုမျှသင်တို့ သည်စိုက်ပျိုး၍မရကြ။-
11 ငါသည်ဤပြည်ကိုခြောက်သွေ့၍နေစေခဲ့ ၏။ ဤပြည်ရှိတောင်ကုန်းများ၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များနှင့်သံလွင်ခြံများပေါ် ၌လည်းကောင်း၊ မြေကြီးကထွက်သည့်သီးနှံ မှန်သမျှပေါ်၌လည်းကောင်း၊ လူနှင့်တိရစ္ဆာန် များပေါ်၌လည်းကောင်း၊ သင်တို့ကြိုးစား စိုက်ပျိုးသည့်သီးနှံမှန်သမျှအပေါ်၌ လည်းကောင်းမိုးကိုခေါင်စေခဲ့၏'' ဟုမိန့် တော်မူပါ၏။
12 ထိုအခါရှာလသေလ၏သားဇေရုဗ ဗေလ၊ ယဇ်ပုရောဟိတ်မင်းယောဇဒတ်၏ သားယောရှုနှင့်ကျန်ကြွင်းသောပြည်သူ အပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရားမိန့်မှာစေခိုင်းတော်မူသည့် အမှုတို့ကိုပြုကြ၏။ သူတို့သည်ကြောက် လန့်သဖြင့် ထာဝရဘုရား၏စေလွှတ် တော်မူသောတမန်တော်ပရောဖက်ဟ္ဂဲ ပြောဆိုသည့်စကားကိုနားထောင်ကြ၏။-
13 ထိုအခါထာဝရဘုရား၏တမန်တော်ဟ္ဂဲ သည်``ထာဝရဘုရားကငါသည်သင်တို့နှင့် အတူရှိတော်မူမည်'' ဟုမိန့်တော်မူကြောင်း လူတို့အားဆင့်ဆိုပြောကြား၏။-
14 ထာဝရဘုရားသည်ယုဒဘုရင်ခံရှာလ လေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရော ဟိတ်မင်းယောဇဒတ်၏သားယောရှုနှင့် ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူအပေါင်း တို့အား ဗိမာန်တော်တည်ဆောက်မှုတွင်စိတ် အားထက်သန်၍လာစေတော်မူ၏။ သူတို့ သည်မိမိတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရား၏ဗိမာန်တော် တည်ဆောက်မှုကို၊-
15 ဧကရာဇ်မင်းဒါရိနန်းစံဒုတိယနှစ်၊ ဆဋ္ဌမလ၊ နှစ်ဆယ့်လေးရက်နေ့၌ စတင်ဆောင်ရွက်ကြလေသည်။