10-12 ဧကရာဇ်မင်းဒါရိနန်းစံဒုတိယနှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်နေ့၌အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နှုတ်ကပတ် တော်သည်ပရောဖက်ဟ္ဂဲထံရောက်လာတော် မူပြန်၏။ ကိုယ်တော်က``အကယ်၍လူတစ် ဦးတစ်ယောက်သည် ဘုရားသခင်အား ပူဇော်ထားသည့်အမဲသားကို မိမိ၏ ဝတ်လုံအမြိတ်ဖြင့်ထုပ်၍ယူဆောင်ခဲ့ ပြီးနောက်၊ စပျစ်ရည်၊ သံလွင်ဆီသို့မဟုတ် မည်သည့်အစားအစာမျိုးကိုမဆိုဝတ် လုံနှင့်ထိမိလျှင် ထိုအစားအစာများ သည်လည်းဆက်ကပ်ပူဇော်ရာအစား အစာများဖြစ်သွားမည်မသွားမည် ကို ပညတ်တော်အရအဆုံးအဖြတ် ပေးရန်ယဇ်ပုရောဟိတ်တို့အားမေးမြန်း လော့'' ဟုမိန့်တော်မူပါ၏။ထိုပြဿနာကိုတင်ပြသောအခါယဇ် ပုရောဟိတ်တို့က``ထိုအစားအစာများ သည်သန့်စင်၍မသွားပါ'' ဟုဖြေကြား ကြ၏။
13 ထိုအခါဟ္ဂဲကလူတစ်ဦးတစ်ယောက် သည် လူသေကောင်နှင့်ထိမိသဖြင့်ညစ်ညမ်း ၍သွားသည်ဆိုငြားအံ့။ ထို့နောက်အကယ် ၍သူသည်အထက်ဖော်ပြပါအစားအစာ များကိုထိမိခဲ့သော် ထိုအရာတို့သည် လည်းညစ်ညမ်း၍သွားပါမည်လောဟု မေးလျှင်၊ယဇ်ပုရောဟိတ်တို့က``ထိုအရာတို့သည် ညစ်ညမ်း၍သွားပါမည်'' ဟုဆိုကြ၏။
14 ထိုအခါဟ္ဂဲကထိုနည်းတူစွာဤတိုင်း ပြည်သားများတို့နှင့် သူတို့လုပ်ဆောင် သမျှသောအမှုအရာတို့သည်ညစ်ညမ်း သဖြင့် ယဇ်ပလ္လင်ပေါ်တွင်သူတို့တင်လှူသည့် ပူဇော်သကာမှန်သမျှသည်လည်း ညစ်ညမ်း ကြောင်းထာဝရဘုရားမိန့်တော်မူပါ ၏'' ဟုဆိုလေသည်။
15 ထာဝရဘုရားကသင်တို့သည်မိမိတို့ ကြုံတွေ့ရသည့်အဖြစ်အပျက်ကိုမသိ မမြင်ကြပါသလော။ ဗိမာန်တော်ကိုပြန် လည်မတည်မဆောက်မီအခါက၊-
16 သင်တို့သည်ဂျုံစပါးတင်းနှစ်ဆယ်ရှိမည် ဟုခန့်မှန်းရသည့်စပါးပုံသို့သွားရောက် သောအခါ ဆယ်တင်းသာတွေ့ရကြသည် မဟုတ်ပါလော၊ စပျစ်ရည်အချိန်ငါးဆယ် ရရှိလိမ့်မည်ဟုဆိုကာ၊ စပျစ်ရည်စည် ကြီးသို့သွားသောအခါအချိန်နှစ်ဆယ် သာတွေ့ရှိရသည်မဟုတ်ပါလော။-
17 ငါသည်သင်တို့ကြိုးစား၍စိုက်ပျိုးသမျှ သော သီးနှံပင်များကိုလေပူအားဖြင့်လည်း ကောင်း၊ ပိုးထိ၍နွမ်းရိစေခြင်းဖြင့်လည်း ကောင်း၊ မိုးသီးများအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်ခဲ့၏။ သို့နှင့်လည်းသင်တို့ သည်နောင်တမရကြ။-
18 ယနေ့သည်ဗိမာန်တော်အုတ်မြစ်ချမှုပြီး ဆုံးသည့်နေ့၊ နဝမလ၊ နှစ်ဆယ့်လေးရက် နေ့ဖြစ်၏။ ထိုနေ့မှစ၍ရှေ့တွင်မည်သို့ဖြစ် လာလိမ့်မည်ကိုသင်တို့ရှုမှတ်ကြလော့။ သေချာရှုမှတ်လော့။-