ဟ္ဂဲ 2:3-9 BCL

3 ``ယ​ခင်​အ​ခါ​က​ဗိ​မာန်​တော်​သည်​အ​ဘယ်​မျှ တင့်​တယ်​လှ​ပ​တော်​မူ​ခဲ့​ကြောင်း​ကို မှတ်​မိ​သူ တစ်​စုံ​တစ်​ယောက်​သင်​တို့​တွင်​ရှိ​ပါ​သ​လော။ ယ​ခု​အ​ခါ​ဤ​ဗိ​မာန်​တော်​ကို​သင်​တို့​အ​ဘယ် သို့​တွေ့​မြင်​ကြ​ရ​ပါ​သ​နည်း၊ ယင်း​သည် ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​၍​နေ​ပေ​မည်။-''

4 သို့​ရာ​တွင် အို ပြည်​သူ​အ​ပေါင်း​တို့၊ စိတ်​အား မ​ငယ်​ကြ​နှင့်။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ သည်​ဖြစ်​၍​မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့် အ​မှု​ကို​သာ​သင်​တို့​လုပ်​ဆောင်​ကြ​လော့''ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-

5 အီ​ဂျစ်​ပြည်​မှ​သင်​တို့​ပြန်​လာ​ကြ​စဉ် အ​ခါ​က ငါ​သည်​သင်​တို့​နှင့်​အ​စဉ်​အ​တူ ရှိ​မည်​ဟု​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း ယ​ခု တိုင်​အောင်​ပင်​သင်​တို့​နှင့်​ငါ​အ​တူ​ရှိ​၏။ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။''

6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မ​ကြာ​မီ​ပင်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​လည်း​ကောင်း၊ ကုန်း​နှင့်​ပင်​လယ် ကို​လည်း​ကောင်း​တုန်​လှုပ်​စေ​၍၊-

7 လူ​မျိုး​တ​ကာ​တို့​အား​ဖြို​ခွင်း​ပစ်​မည်။ ထို သူ​တို့​၏​ရွှေ​ငွေ​ဘဏ္ဍာ​များ​ကို ဤ​အ​ရပ်​သို့ လူ​တို့​အား​ယူ​ဆောင်​လာ​စေ​မည်။ ဗိ​မာန် တော်​သည်​လည်း​ရွှေ​ငွေ​ဘဏ္ဍာ​များ​ဖြင့် ပြည့်​နှက်​လျက်​နေ​လိမ့်​မည်​ဟု အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

8 ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​ရွှေ​ငွေ​တို့​ကို ငါ​ပိုင်​၏​ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-

9 ဗိ​မာန်​တော်​သစ်​သည်​ဗိ​မာန်​တော်​ဟောင်း ထက်​ပို​၍​တင့်​တယ်​လှ​ပ​လိမ့်​မည်။ ထို​အ​ရပ် တွင်​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​စား​စေ​၍ ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​၏။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။