ဟ​ဗက္ကုတ် 2:17-20 BCL

17 သင်​တို့​သည်​လေ​ဗ​နုန်​သစ်​တော​များ​ကို​ခုတ်​% လှဲ​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​သင်​တို့​ကိုယ်​တိုင်​% ပင်​ခုတ်​လှဲ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သင်​% တို့​သည်​ထို​တော​မှ​တိ​ရစ္ဆာန်​များ​ကို​သတ်​% ဖြတ်​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​တိ​ရစ္ဆာန်​များ​% သည်​သင်​တို့​အား​ကြောက်​လန့်​တုန်​လှုပ်​စေ​% ကြ​လိမ့်​မည်။ သင်​တို့​ကူး​လွန်​ခဲ့​သည့်​လူ​% သတ်​မှု​များ​ကြောင့်​သော်​လည်း​ကောင်း၊ ကမ္ဘာ​% ပေါ်​ရှိ​လူ​များ​မြို့​များ​ကို​အ​ကြမ်း​ဖက်​% ခဲ့​မှု​များ​ကြောင့်​လည်း​ကောင်း ဤ​အ​မှု​% အ​ရာ​များ​ဖြစ်​ပျက်​လာ​လိမ့်​မည်။ %

18 ရုပ်​တု​ဆင်း​တု​သည်​အ​ဘယ်​သို့​အ​သုံး​ဝင်​% ပါ​သ​နည်း။ ယင်း​သည်​လူ​တို့​သွန်း​လုပ်​သည့်​% အ​ရာ​မျှ​သာ​ဖြစ်​လျက် လိမ်​လည်​မှု​မှ​လွဲ​% ၍​မည်​သည့်​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​တတ်။ % မိ​မိ​သွန်း​လုပ်​သော​အ​ရာ​ကို​ပြန်​လည်​ယုံ​% ကြည်​ကိုး​စား​၍​အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​% ရ​မည်​နည်း။ ယင်း​သည်​စ​ကား​မ​ပြော​နိုင်​% သည့်​ဘု​ရား​ဖြစ်​ပါ​သည်​တ​ကား၊-%

19 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သစ်​သား​% တုံး​အား``နိုး​တော်​မူ​ပါ'' ဟူ​၍​လည်း​ကောင်း၊ % ကျောက်​တုံး​အား``ထ​တော်​မူ​ပါ'' ဟူ​၍​လည်း​% ကောင်း​သင်​တို့​ဆို​တတ်​ကြ​၏။ ရုပ်​တု​တစ်​ခု​% သည်​သင်​တို့​အား​အ​ဘယ်​အ​မှု​ကို​ရှင်း​လင်း​% ဖော်​ပြ​နိုင်​ပါ​သ​နည်း။ ရွှေ​ငွေ​များ​ဖြင့်​မွမ်း​% မံ​ထား​ကောင်း​ထား​မည်​ဖြစ်​သော်​လည်း % ထို​ရုပ်​တု​တွင်​အ​သက်​ကား​မ​ရှိ။ %

20 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​% မြတ်​သည့်​ဗိ​မာန်​တော်​တွင်​ရှိ​တော်​မူ​၏။ ကမ္ဘာ​% မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ရှေ့​တော်​၌​% ငြိမ်​သက်​စွာ​နေ​ကြ​စေ။