အာ​မုတ် 3:1-5 BCL

1 အို ဣသ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​တစ်​မျိုး လုံး​ကို​အီ​ဂျစ်​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​နှင့်​ပတ်​သက်​၍ မိန့်​ဆို​သော​ဤ​စ​ကား​ကို​နား​ထောင်​လော့။-

2 ကမ္ဘာ​တစ်​ခွင်​လုံး​ရှိ​နိုင်ငံ​တ​ကာ​တို့​အ​နက် သင် တို့​တစ်​မျိုး​တည်း​ကို​သာ​ငါ​အ​သိ​အ​မှတ် ပြု​၍​က​ရု​ဏာ​သက်​ခဲ့​၏။ ထို့​ကြောင့်​ပင်​သင် တို့​ပြု​ခဲ့​သ​မျှ​သော​အ​ပြစ်​များ​အ​တွက် သင်​တို့​ကို​အ​ပြစ်​ပေး​ရ​တော့​မည်။

3 လူ​နှစ်​ဦး​သည်​တွေ့​ဆုံ​ရန်​မ​ချိန်း​ဆို​ဘဲ အ​တူ​ခ​ရီး​ပြု​နိုင်​မည်​လော။

4 ခြင်္သေ့​သည်​သား​ကောင်​ကို​မ​တွေ့​ဘဲ​တော ထဲ​၌ အ​ကြောင်း​မဲ့​ဟောက်​နေ​မည်​လော။ခြင်္သေ့​ပျို​သည်​ဘယ်​အ​ရာ​ကို​မျှ​မ​ဖမ်း​မိ ဘဲ မိ​မိ​ဂူ​အ​တွင်း​၌​အ​ကြောင်း​မဲ့​ကြုံး ဝါး​နေ​မည်​လော။

5 အ​စာ​မ​ပါ​သော​ကျော့​ကွင်း​ဖြင့်​ကောင်း​ကင်​မှ ငှက်​တစ်​ကောင်​ကို​ထောင်​ဖမ်း​နိုင်​သ​လော။တစ်​စုံ​တစ်​ရာ​ကို​ဖမ်း​မိ​သော​ကြောင့်​သာ ကျော့​ကွင်း​ပြုတ်​သွား​ရ​သည်​မ​ဟုတ်​လော။