အာ​မုတ် 6:1-4 BCL

1 ဇိ​အုန်​မြို့​၌​သက်​တောင့်​သက်​သာ​စွာ​ဇိမ်​ခံ နေ​ကြ​သူ​တို့၊ ရှ​မာ​ရိ​တောင်​ပေါ်​တွင်​လုံ​လုံ ခြုံ​ခြုံ​နှင့်​စံ​မြန်း​နေ​ကြ​သူ​တို့၊ ပြည်​သူ များ​က​အ​သ​နား​ခံ​နေ​ရ​သူ​တို့၊ လူ​မျိုး များ​ထဲ​မှ​အ​ထွတ်​အ​မြတ်​ဖြစ်​သော​ဣ​သ ရေ​လ​လူ​မျိုး​တော်​တို့၊ သင်​တို့​သည်​အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။-

2 ကာ​လ​နေ​မြို့​သို့​သွား​ပြီး​ရှု​လော့။ ထို​မှ တစ်​ဖန်​ဟာ​မတ်​မြို့​သို့​လည်း​ကောင်း၊ ဖိ​လိတ္တိ မြို့​ဂါ​သ​သို့​လည်း​ကောင်း​သွား​ဦး​လော့။ ထို နိုင်​ငံ​များ​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​နိုင်​ငံ တို့​ထက်​သာ​သ​လော။ သူ​တို့​နယ်​မြေ​သည် သင်​တို့​နယ်​မြေ​ထက်​ပို​၍​ကျယ်​သ​လော။-

3 ဆိုး​ယုတ်​သော​နေ့​ကာ​လ​ကျ​ရောက်​တော့​မည် ကို​သင်​တို့​ဝန်​မ​ခံ​လို​ကြ။ သင်​တို့​ပြု​ပုံ​သည် အ​ကြမ်း​ဖက်​မှု​ကို​သာ​အား​ပေး​ရာ​ရောက် နေ​၏။-

4 ဆင်​စွယ်​ကု​တင်​များ​၌​လဲ​လျောင်း​နေ​ကြ သူ​တို့၊ သိုး​ငယ်​နွား​ငယ်​တို့​၏​အ​သား​နု​ကို စား​ပြီး​ဖဲ​မွေ့​ရာ​ပေါ်​၌​လျောင်း​ကာ​အ​ကြော ဆန့်​နေ​ကြ​သူ​တို့၊ သင်​တို့​သည်​အ​ရှက်​တ​ကွဲ အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။-