အာ​မုတ် 6:9-14 BCL

9 အိမ်​ထောင်​တစ်​အိမ်​ထောင်​တွင်​လူ​ဆယ်​ယောက် ကျန်​ရစ်​နေ​လျှင်​လည်း ယင်း​တို့​အား​လုံး သေ​ရ​လိမ့်​မည်။-

10 သေ​လွန်​သူ​တစ်​ဦး​၏​ဆွေ​မျိုး​တစ်​ယောက်​က သေ​လွန်​သွား​သူ​၏​အ​လောင်း​ကို​မီး​သတ်​ရန် ရောက်​လာ​၍ အိမ်​အ​တွင်း​ထဲ​၌​ရှိ​နေ​သူ​တစ် ယောက်​အား``မည်​သူ​များ​ကျန်​ပါ​သေး သ​နည်း'' ဟု​မေး​လိုက်​သော်၊``မည်​သူ​မျှ​မ​ကျန်​တော့​ပါ'' ဟူ​သော အ​ဖြေ​ကို​သာ​ကြား​ရ​လိမ့်​မည်။ယင်း​နောက်​ထို​သူ​က​ပင်``တိတ်​လော့၊ ထာ​ဝ​ရ ဘု​ရား​၏​နာ​မ​တော်​ကို​မျှ​မ​ဆို​မိ​ရန် ငါ တို့​သ​တိ​ထား​ရ​မည်'' ဟု​ဆို​လိမ့်​မည်။

11 ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကြောင့်​အိမ် ရာ​ကြီး​ငယ်​တို့​သည် အ​စိတ်​စိတ်​အ​မြွှာ မြွှာ​ပြို​ကွဲ​ပျက်​စီး​သွား​ရ​လိမ့်​မည်။-

12 မြင်း​ဟူ​သည်​ကျောက်​ဆောင်​ပေါ်​၌​ပြေး​လေ့ ရှိ​သ​လော။ လူ​သည်​နွား​ဖြင့်​လယ်​ပြင်​ကို​ထွန် ယက်​လေ့​ရှိ​သ​လော။ သို့​ပါ​လျက်​သင်​တို့ သည်​တ​ရား​မျှ​တ​ရေး​ကို​အ​ဆိပ်​အ​ဖြစ် သို့​လည်း​ကောင်း၊ အ​မှန်​ကို​အ​မှား​အ​ဖြစ် သို့​လည်း​ကောင်း​မှောက်​လှန်​ခဲ့​လေ​ပြီ။

13 သင်​တို့​က လော​ဒေ​ဗာ​မြို့​ကို​သိမ်း​ပိုက်​နိုင်​ခဲ့ ကြောင်း​ကို​ဝါ​ကြွား​လို​၏။ သင်​တို့​သည်​အ​လ ဟ​သ​ဝါ​ကြွား​လို​၏။ ``ငါ​တို့​အင်​အား​ဖြင့် ကာ​နိမ်​ကို​သိမ်း​ပိုက်​နိုင်​ခဲ့​ပြီ'' ဟူ​၍​လည်း ဆို​ကြ​၏။

14 ``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ငါ​သည်​တိုင်း တစ်​ပါး​မှ​တပ်​တစ်​တပ်​ကို​စေ​လွှတ်​၍ သင်​တို့ နိုင်​ငံ​ကို​သိမ်း​ပိုက်​စေ​မည်။ ထို​ရန်​သူ​သည် မြောက်​ဘက်​ရှိ​ဟာ​မတ်​လမ်း​ဝ​မှ​စ​၍ တောင် ဘက်​၌​ရှိ​သော​အာ​ရ​ဗာ​ချိုင့်​သို့​ဝင်​သော ချောင်း​တိုင်​အောင် သင်​တို့​လူ​မျိုး​ကို​ဖိ​နှိပ် ချုပ်​ချယ်​လိမ့်​မည်'' ဟု​ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။