အာ​မုတ် 7:3-9 BCL

3 ထာ​ဝ​ရ​ဘု​ရား​သည်​စိတ်​ပြောင်း​တော်​မူ ပြီး``သင်​မြင်​သော​ရူ​ပါ​ရုံ​ဖြစ်​ပေါ်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

4 ငါ​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ နောက်​တစ်​ခု​ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို​မီး​ဒဏ် ဖြင့်​အ​ပြစ်​ပေး​ရန်​ပြင်​ဆင်​နေ​တော်​မူ​သည် ကို​တွေ့​ရ​သည်။ ထို​မီး​သည်​မြေ​အောက်​သ​မုဒ္ဒ ရာ​တစ်​ခု​လုံး​ခန်း​ခြောက်​အောင်​ကျွမ်း​လောင် ပြီး​နောက် ကုန်း​ပေါ်​မှာ​စ​တင်​တောက်​လောင် လာ​၏။-

5 ငါ​က​လည်း``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဆိုင်း တော်​မူ​ပါ။ ဤ​ဒဏ်​ဆိုး​ကို​လူ​မျိုး​တော်​သည် မည်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ သူ​တို့​သည်​နု ငယ်​၍​အား​နွဲ့​လှ​ပါ​၏'' ဟု​လျှောက်​ဆို သော်၊-

6 ထာ​ဝ​ရ​ဘု​ရား​သည်​စိတ်​ပြောင်း​တော်​မူ​၍``ဤ​သို့​လည်း​ဖြစ်​ပေါ်​မည်​မ​ဟုတ်'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်။

7 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ​တစ်​ခု ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​ချိန်​ကြိုး​ဖြင့်​တိုင်း ထွာ​ဆောက်​လုပ်​ခဲ့​သည့်​ကျောက်​နံ​ရံ​ဘေး​တွင် ချိန်​ကြိုး​တစ်​ချောင်း​ကိုင်​ကာ​ရပ်​နေ​တော်​မူ သော​ကိုယ်​တော်​ရှင်​ကို​ငါ​တွေ့​မြင်​သည်။-

8 ကိုယ်​တော်​က``အာ​မုတ်၊ အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​ငါ့​အား​မေး​သ​ဖြင့်၊ငါ​က​လည်း``ချိန်​ကြိုး​တစ်​ချောင်း​ကို မြင်​ရ​ပါ​သည်​ဘု​ရား'' ဟု​လျှောက်​ဆို​၏။ကိုယ်​တော်​ရှင်​က​လည်း၊``ငါ​၏​လူ​မျိုး​သည် ရွေ့​စောင်း​နေ​သော​နံ​ရံ​သ​ဖွယ်​ဖြစ်​နေ​သည် ကို ဤ​ချိန်​ကြိုး​ဖြင့်​ပြ​ဆို​ရ​ပြီ။ သူ​တို့​ကို ဒဏ်​ခတ်​ရန်​နောက်​တစ်​ဖန်​စိတ်​ပြောင်း​တော့ မည်​မ​ဟုတ်။-

9 ဣ​ဇာက်​မှ​ဆင်း​သက်​သော​အ​မျိုး​အ​နွယ်​တို့ ကိုး​ကွယ်​ရာ​အ​ရပ်​များ​ပျက်​စီး​ရ​တော့​မည်။ ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​သန့်​ရှင်း​ရာ​ဌာ​န​မှန် သ​မျှ​ကို မြေ​ပုံ​အ​ဖြစ်​နှင့်​သာ​ကျန်​ရစ်​စေ မည်။ ငါ​သည်​ယေ​ရော​ဗောင်​မင်း​ဆက်​၏​နန်း သက်​ကို​ကုန်​စေ​တော့​မည်'' ဟု​မိန့်​တော်​မူ​၏။