1 ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံတွင်အသီး မှည့်များထည့်ထားသောခြင်းတောင်းတစ်ခု ကိုတွေ့ရ၏။-
2 ထာဝရဘုရားကငါ့အား``အာမုတ် အဘယ်အရာကိုမြင်သနည်း'' ဟု မေး တော်မူသဖြင့်၊ငါကလည်း``အသီးမှည့်များထည့်ထားသော ခြင်းတောင်းတစ်ခုကိုမြင်ရပါသည်'' ဟု လျှောက်လေသည်။ ထာဝရဘုရားကငါ ၏လူမျိုးတော်ဣသရေလတို့သည်မှည့် ရော်၍ ကြွေပျက်တော့မည့်နောက်ဆုံးသော ကာလသို့ရောက်လာပြီ။ ငါသည်သူတို့ ၏ပြစ်မှုများကိုသည်းမခံတော့ဘဲ အပြစ်ပေးရတော့မည်။-
3 ထိုနေ့၌နန်းတွင်းတေးသံတို့သည် ငိုကြွေး သံများအဖြစ်သို့ကူးပြောင်းသွားလိမ့်မည်။ နေရာအနှံ့အပြား၌အလောင်းကောင် များရှိနေပြီး ယင်းအလောင်းများကိုတိတ် တဆိတ်စွန့်ပစ်ကြလိမ့်မည်'' ဟုအရှင် ထာဝရဘုရားမိန့်တော်မူ၏။
4 ငတ်မွတ်သူများကိုနင်းချေ၍ဆင်းရဲသော ပြည်သူတို့အား ဖိနှိပ်ချုပ်ချယ်နေကြသူ တို့၊ ဤစကားကိုနားထောင်ကြလော့။-
5 ``ငါတို့သည်ဂျုံစပါးကိုရောင်းလိုလှပြီ။ သန့်ရှင်းရာနေ့လွန်အောင်ပင်မစောင့်နိုင်အောင် ဖြစ်နေကြပြီ။ ဥပုသ်နေ့သည်ဘယ်သောခါ မှကုန်ပါမည်နည်း။ ထိုနေ့လွန်လျှင်ငါတို့ သည်မမှန်သောတင်းတောင်းနှင့် အလေးခိုး ပြီးမမှန်သောချိန်ခွင်ကိုသုံး၍စျေးတင် ရောင်းချမည်။-