10 သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
11 ``တစ်ပြည်လုံးငတ်မွတ်ရမည့်ကပ်ဆိုးကြီး ကိုငါကျရောက်စေမည်။ အစာအတွက်ငတ် မွတ်ခြင်းမဟုတ်။ ရေကိုဆာလောင်ခြင်းလည်း မဟုတ်။ ထာဝရဘုရားထံတော်မှသတင်း စကားတော်ကိုငတ်မွတ်ခြင်းပင်ဖြစ်လိမ့်မည်။ ထိုနေ့များရောက်ရှိလာတော့မည်။ ငါအရှင် ထာဝရဘုရားမိန့်တော်မူပြီ။-
12 လူတို့သည်ပင်လယ်သေမှမြေထဲပင်လယ် တိုင်အောင်လည်းကောင်း မြောက်အရပ်မှအရှေ့ သို့လည်းကောင်း၊ နေရာအနှံ့အပြား၌သတင်း စကားတော်ကိုလှည့်လည်၍ရှာကြသော်လည်း သတင်းစကားတော်ကိုမတွေ့ဘဲနေကြ လိမ့်မည်။-
13 ထိုနေ့၌အလွန်ကျန်းမာသည့်လုလင်နှင့် မိန်းမပျိုများပင်လျှင်ရေငတ်လွန်းသဖြင့် လဲကြလိမ့်မည်။-
14 ရှမာရိဘုရားရုပ်တုများကိုတိုင်တည်ကာ ကျိန်ဆိုလေ့ရှိသူများ`ဒန်ဘုရား' ကိုသော် လည်းကောင်း `ဗေရရှေဘမြို့လမ်းရှိဘုရား' ကို လည်းကောင်း၊ ထိုဘုရားတို့အသက်ရှင်တော် မူသည့်အတိုင်းဟုတိုင်တည်ကာ ကျိန်ဆို တတ်သူအပေါင်းတို့သည်ပြန်မထနိုင် အောင်ပင်ပြိုလဲတော့မည်'' ဟုမိန့်တော် မူ၏။