3 ထိုနေ့၌နန်းတွင်းတေးသံတို့သည် ငိုကြွေး သံများအဖြစ်သို့ကူးပြောင်းသွားလိမ့်မည်။ နေရာအနှံ့အပြား၌အလောင်းကောင် များရှိနေပြီး ယင်းအလောင်းများကိုတိတ် တဆိတ်စွန့်ပစ်ကြလိမ့်မည်'' ဟုအရှင် ထာဝရဘုရားမိန့်တော်မူ၏။
4 ငတ်မွတ်သူများကိုနင်းချေ၍ဆင်းရဲသော ပြည်သူတို့အား ဖိနှိပ်ချုပ်ချယ်နေကြသူ တို့၊ ဤစကားကိုနားထောင်ကြလော့။-
5 ``ငါတို့သည်ဂျုံစပါးကိုရောင်းလိုလှပြီ။ သန့်ရှင်းရာနေ့လွန်အောင်ပင်မစောင့်နိုင်အောင် ဖြစ်နေကြပြီ။ ဥပုသ်နေ့သည်ဘယ်သောခါ မှကုန်ပါမည်နည်း။ ထိုနေ့လွန်လျှင်ငါတို့ သည်မမှန်သောတင်းတောင်းနှင့် အလေးခိုး ပြီးမမှန်သောချိန်ခွင်ကိုသုံး၍စျေးတင် ရောင်းချမည်။-
6 တန်ဖိုးမရှိသောဂျုံစပါးကိုတက်စျေး ဖြင့်ရောင်းမည်။ အကြွေးနစ်လွန်းသဖြင့် ဆင်းရဲနေသူကိုရှာပြီးကျွန်အဖြစ်နှင့် ခြေနင်းတစ်ရံစာမျှဖြင့်ဝယ်ယူမည်'' ဟုသင်တို့ဆိုကြလေပြီ။
7 ထာဝရဘုရားက``ငါသည်ဤသူတို့၏ ယုတ်မာမှုများကို ဘယ်သောခါမှမမေ့ နိုင်ဟုယာကုပ်၏ဘုန်းတန်ခိုးကိုတိုင်တည် ၍ကျိန်ဆိုတော်မူပြီ။-
8 ဤပြစ်မှုများကြောင့်မြေငလျင်ကြီးလှုပ်ခါ တစ်ပြည်လုံးရှိပြည်သူမှန်သမျှဝမ်းနည်းပူ ဆွေးရကြမည်။ တစ်နိုင်ငံလုံးသည်အီဂျစ်ပြည် မှနိုင်းမြစ်ကဲ့သို့တက်၍ကျ၍ဆတ်ဆတ် ခါအောင်တုန်လှုပ်သွားလိမ့်မည်။-
9 ငါသည်ထိုနေ့တွင်မွန်းတည့်အချိန်၌နေကို ဝင်စေပြီးနေ့အချိန်မှာပင် မြေတစ်ပြင်လုံး ၌အမှောင်ဖုံးသွားစေမည်ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-