အာ​မုတ် 9:5-11 BCL

5 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ပ​ထ​ဝီ​မြေ​ကြီး​ကို​တို့​တော်​မူ​သ​ဖြင့်၊မြေ​င​လျင်​ကြီး​လှုပ်​သည်။မြေ​သား​အ​ပေါင်း​တို့​လည်း​ငို​ကြွေး​ရ​မည်။တစ်​နိုင်​ငံ​လုံး​သည်​အီ​ဂျစ်​ပြည်​မှ​နိုင်း​မြစ်​ကဲ့​သို့ တက်​ခြင်း​ကျ​ခြင်း​ရှိ​လိမ့်​မည်။

6 ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​၌ မိ​မိ​အိမ်​တော် ကို​တည်​ဆောက်​ခဲ့​၏။ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​လုံး​ဝန်း​သော ကောင်း​ကင်​ယံ​ခုံး​ကို​တင်​တော်​မူ​၏။ပင်​လယ်​ရေ​များ​ကို​ခေါ်​ယူ​လျက်​မြေ​ပေါ်​၌ သွန်း​လောင်း​ခဲ့​၏။ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​၏။

7 ထာ​ဝ​ရ​ဘု​ရား​က``အို ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​ကို​ကု​ရှ​လူ​မျိုး နှင့်​တန်း​တူ​သ​ဘော​ထား​ခဲ့​၏။ ငါ​သည်​သင် တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သ​ကဲ့ သို့ ဖိ​လိတ္တိ​လူ​မျိုး​ကို​က​ရေ​တေ​ကျွန်း​မှ လည်း​ကောင်း၊ ရှု​ရိ​လူ​မျိုး​ကို​တိ​ရ​ပြည် မှ​လည်း​ကောင်း​ထုတ်​ဆောင်​လာ​ခဲ့​၏။-

8 ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​များ လှ​သော ဤ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သ​တိ​ဖြင့် စောင့်​ကြည့်​နေ​ပြီ။ ဤ​နိုင်​ငံ​ကို​မြေ​ပေါ်​မှ ကွယ်​ပျောက်​သွား​အောင်​ပယ်​ဖျက်​တော့​မည်။ သို့​သော်​လည်း​ငါ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ် အား​လုံး​ကို​ဖျက်​ဆီး​မည်​မ​ဟုတ်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။

9 ``ဆန်​ကို​ဆန်​ကာ​တင်​ပြီး​ခါ​ချ​သ​ကဲ့​သို့​ငါ​၏ အ​မိန့်​ဖြင့် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ဆန်​ခါ တင်​ကာ​ခါ​ချ​လိုက်​မည်။ ခပ်​သိမ်း​သော​လူ​မျိုး များ​အ​ထဲ​၌​လှုပ်​ခါ​ပြီး​နောက်​မ​ထိုက်​တန်​သူ မှန်​သ​မျှ​ကို​ငါ​ရှင်း​လိုက်​မည်။-

10 ငါ​၏​လူ​မျိုး​ထဲ​မှ`ဘု​ရား​သ​ခင်​သည်​ငါ​တို့​ကို ဒုက္ခ​ပေး​လိမ့်​မည်​မ​ဟုတ်' ဟု​ဆို​သော​အ​ပြစ်​ရှိ သူ​မှန်​သ​မျှ​သည်​စစ်​ပွဲ​၌​သေ​ဆုံး​ရ​မည်။''

11 ထာ​ဝ​ရ​ဘု​ရား​က``ပြို​ပျက်​နေ​သော​အိုး​အိမ် ပ​မာ​ဖြစ်​နေ​သည့်​ဒါ​ဝိဒ်​နိုင်​ငံ​ကို ငါ​သည်​ပြန် လည်​၍​တည်​ဆောက်​သော​အ​ချိန်​ရောက်​လိမ့်​မည်။ ကွဲ​အက်​နေ​သော​နံ​ရံ​တံ​တိုင်း​တို့​ကို​ငါ​ပြန် ပြု​ပြင်​မည်။ ရှေး​အ​ခါ​က​တည်​နေ​သ​ကဲ့ သို့​ငါ​ပြန်​လည်​ထူ​ထောင်​မည်။-