13 သို့ရာတွင်သူတို့ကဆက်လက်၍``ဤလူအုပ် သည်အလွန်ကြီးမား၍ မိုးသည်လည်းသည်း ထန်စွာရွာလျက်ရှိပါ၏။ အကျွန်ုပ်တို့သည် လဟာပြင်တွင် ဤသို့ရပ်လျက်မနေနိုင် ကြပါ။ အကျွန်ုပ်တို့အမြောက်အမြားပင် ထိုအပြစ်ကိုကူးလွန်ခဲ့ကြသည်ဖြစ်၍ ဤအမှုကိစ္စကိုတစ်ရက်နှစ်ရက်နှင့်ဆောင် ရွက်၍ပြီးမည်မဟုတ်ပါ။-
14 ထို့ကြောင့်အကျွန်ုပ်တို့၏အုပ်ချုပ်ရေးမှူး များသည် ယေရုရှလင်မြို့တွင်နေ၍ ဤ အမှုကိစ္စကိုတာဝန်ယူဆောင်ရွက်ကြ ပါစေ။ ထိုနောက်အကျွန်ုပ်တို့မြို့ရွာများ တွင် လူမျိုးခြားအမျိုးသမီးများနှင့် စုံဖက်နေထိုင်သူအပေါင်းတို့သည် မိမိ တို့မြို့ရွာခေါင်းဆောင်များ၊ တရားသူ ကြီးများနှင့်အတူချိန်းချက်သော အချိန်တွင်လာရောက်လျက် ဤအမှု နှင့်စပ်လျဉ်း၍ဘုရားသခင်၏အမျက် တော်ကိုပြေငြိမ်းအောင်ပြုကြပါစေ'' ဟုပြောကြားကြ၏။-
15 မေရှုလံနှင့်လေဝိအနွယ်ဝင်ရှဗ္ဗသဲတို့၏ ထောက်ခံမှုကိုရသော အာသဟေလ၏သား ယောနသန်နှင့်တိကဝ၏သားယဟာဇိ တို့ကလွဲ၍ အခြားအဘယ်သူမျှထို အကြံကိုမကန့်ကွက်ကြ။
16-17 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူတို့ သည် ထိုအကြံကိုသဘောတူလက်ခံကြ သဖြင့် ပုရောဟိတ်ဧဇရသည် သားချင်းစု ခေါင်းဆောင်များအနက်လူအချို့ကိုရွေး ချယ်ကာသူတို့၏အမည်များကိုမှတ်တမ်း တင်ထား၏။ ထိုသူတို့သည်လူမျိုးခြား အမျိုးသမီးများနှင့် အိမ်ထောင်ပြုသူတို့ ၏အမှုများကိုဒသမလတစ်ရက်နေ့ ၌စတင်၍ စုံစမ်းစစ်ဆေးကြရာသုံးလ အတွင်းပြီးဆုံးလေသည်။
18 လူမျိုးခြားများနှင့်အိမ်ထောင်ကျသူများ စာရင်းမှာအောက်ပါအတိုင်းဖြစ်၏။ယောရှုသားချင်းစုနှင့်သူ၏ညီများ။ ယောဇ ဒက်၏သားများဖြစ်ကြသောမာသေယ၊ ဧလျေဇာ၊ ယာရိပ်နှင့်ဂေဒလိ။-
19 သူတို့သည်မိမိတို့ဇနီးများနှင့်ကွာရှင်း ပါမည်ဟုကတိပြုကြပြီးလျှင် မိမိတို့ အပြစ်များအတွက်သိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
20 ဣမေရသားချင်းစုမှဟာနန်နှင့်ဇေဗဒိ။