ဧ​သ​တာ 1:13-19 BCL

13 ဘု​ရင်​တို့​မည်​သည် ငြိမ်​ဝပ်​ပိ​ပြား​ရေး​ဆိုင် ရာ​ပြ​ဿ​နာ​များ​နှင့်​ပတ်​သက်​၍ တ​ရား ဥ​ပ​ဒေ​သ​ကျွမ်း​ကျင်​သူ​တို့​၏​အ​ကြံ ဉာဏ်​ကို​တောင်း​ခံ​ကြ​စ​မြဲ​ဖြစ်​သည်​နှင့် အ​ညီ မင်း​ကြီး​သည်​ဤ​အ​မှု​ကိစ္စ​တွင် အ​ဘယ်​သို့​ဆောင်​ရွက်​သင့်​သည်​ကို​မေး မြန်း​ရန်​အ​ကြံ​ပေး​အ​ရာ​ရှိ​များ​ကို ခေါ်​ယူ​တော်​မူ​၏။-

14 မင်း​ကြီး​အ​များ​ဆုံး​တိုင်​ပင်​လေ့​ရှိ​သော သူ​များ​မှာ ပေ​ရ​သိ​နှင့်​မေ​ဒိ​အ​မတ်​များ ဖြစ်​ကြ​သော​ကာ​ရှေ​န၊ ရှေ​သာ၊ အာ​ဒ မာ​သ၊ တာ​ရှိ​ရှ၊ မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန် တို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ကား​နိုင်​ငံ​တော် တွင်​အ​မြင့်​ဆုံး​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့် ခြင်း​ခံ​ရ​သူ​များ​ဖြစ်​သ​တည်း။-

15 မင်း​ကြီး​က​သူ​တို့​အား``ငါ​ဇေ​ရဇ်​မင်း သည်​ငါ​၏​အ​စေ​ခံ​တို့​ကို​ဝါ​ရှ​တိ​မိ ဖု​ရား​ထံ​သို့​စေ​လွှတ်​၍ ငါ​၏​အ​မိန့်​ကို ဆင့်​ဆို​စေ​ရာ​သူ​သည်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​ပါ။ သို့​ဖြစ်​၍​ငါ​သည်​သူ့​အား တရား​ဥ​ပ​ဒေ​အ​ရ​အ​ဘယ်​သို့​ပြု​သင့် ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

16 ထို​အ​ခါ​မ​မု​ကန်​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​အား``ဝါ​ရှ​တိ​မိ​ဖု​ရား​သည်​ဘု​ရင် မင်း​မြတ်​ကို​သာ​လျှင်​စော်​ကား​သည်​မ​ဟုတ် ပါ။ ဘု​ရင့်​မှူး​ကြီး​မတ်​ရာ​တို့​ကို​လည်း​စော် ကား​ပေ​သည်။ အ​ကယ်​စင်​စစ်​သူ​သည်​အင် ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စော်​ကား​ပါ​၏။-

17 အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး သ​မီး​အ​ပေါင်း​သည် မိ​ဖု​ရား​ပြု​သည့်​အ​မှု ကို​ကြား​သိ​လျှင် မိ​မိ​တို့​ခင်​ပွန်း​များ​အား အ​ထင်​သေး​ကြ​ပါ​လိမ့်​မည်။ သူ​တို့​က``ဇေ​ရဇ် မင်း​သည်​ဝါ​ရှ​တိ​မိ​ဖု​ရား​အား​အ​မိန့်​ပေး ၍​ခေါ်​ယူ​ပါ​သော်​လည်း မိ​ဖု​ရား​က​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​ဟု​ပြော​ဆို​ကြ​ပါ လိမ့်​မည်။-

18 မိ​ဖု​ရား​၏​အ​ပြု​အ​မူ​ကို​ကြား​သိ​ရ သည့်​ပေ​ရ​သိ​နှင့် မေ​ဒိ​မှူး​မတ်​က​တော်​တို့ သည်​နေ​မ​ဝင်​မီ​မှူး​မတ်​တို့​အား ထို​အ​ကြောင်း ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ အ​မျိုး​သ​မီး များ​သည်​မိ​မိ​တို့​ခင်​ပွန်း​တို့​အား​မ​ထီ မဲ့​မြင်​ပြု​၍ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ဇ​နီး​တို့​အား​ဒေါ​သ​အ​မျက်​ထွက်​ကြ လိမ့်​မည်။-

19 အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် ဝါ​ရှ​တိ​မိ​ဖု​ရား​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ ရှေ့​တော်​သို့​ဝင်​ခွင့်​မ​ပြု​ကြောင်း​ရာ​ဇ အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန်​တော်​မူ ပါ။ ထို​အ​မိန့်​တော်​ကို​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​မ​ပြောင်း​မ​လဲ​နိုင်​စိမ့်​သော​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဋ္ဌမ္မ​သတ်​များ​တွင်​ထည့်​သွင်း​ရေး​မှတ် ၍​ထား​တော်​မူ​ပါ။ ထို​နောက်​မိ​ဖု​ရား​၏ ရာ​ထူး​ကို သူ့​ထက်​သာ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​အား​ချီး​မြှင့်​တော်​မူ​ပါ။-