ဧ​သ​တာ 1:15-21 BCL

15 မင်း​ကြီး​က​သူ​တို့​အား``ငါ​ဇေ​ရဇ်​မင်း သည်​ငါ​၏​အ​စေ​ခံ​တို့​ကို​ဝါ​ရှ​တိ​မိ ဖု​ရား​ထံ​သို့​စေ​လွှတ်​၍ ငါ​၏​အ​မိန့်​ကို ဆင့်​ဆို​စေ​ရာ​သူ​သည်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​ပါ။ သို့​ဖြစ်​၍​ငါ​သည်​သူ့​အား တရား​ဥ​ပ​ဒေ​အ​ရ​အ​ဘယ်​သို့​ပြု​သင့် ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

16 ထို​အ​ခါ​မ​မု​ကန်​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​အား``ဝါ​ရှ​တိ​မိ​ဖု​ရား​သည်​ဘု​ရင် မင်း​မြတ်​ကို​သာ​လျှင်​စော်​ကား​သည်​မ​ဟုတ် ပါ။ ဘု​ရင့်​မှူး​ကြီး​မတ်​ရာ​တို့​ကို​လည်း​စော် ကား​ပေ​သည်။ အ​ကယ်​စင်​စစ်​သူ​သည်​အင် ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စော်​ကား​ပါ​၏။-

17 အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး သ​မီး​အ​ပေါင်း​သည် မိ​ဖု​ရား​ပြု​သည့်​အ​မှု ကို​ကြား​သိ​လျှင် မိ​မိ​တို့​ခင်​ပွန်း​များ​အား အ​ထင်​သေး​ကြ​ပါ​လိမ့်​မည်။ သူ​တို့​က``ဇေ​ရဇ် မင်း​သည်​ဝါ​ရှ​တိ​မိ​ဖု​ရား​အား​အ​မိန့်​ပေး ၍​ခေါ်​ယူ​ပါ​သော်​လည်း မိ​ဖု​ရား​က​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​ဟု​ပြော​ဆို​ကြ​ပါ လိမ့်​မည်။-

18 မိ​ဖု​ရား​၏​အ​ပြု​အ​မူ​ကို​ကြား​သိ​ရ သည့်​ပေ​ရ​သိ​နှင့် မေ​ဒိ​မှူး​မတ်​က​တော်​တို့ သည်​နေ​မ​ဝင်​မီ​မှူး​မတ်​တို့​အား ထို​အ​ကြောင်း ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ အ​မျိုး​သ​မီး များ​သည်​မိ​မိ​တို့​ခင်​ပွန်း​တို့​အား​မ​ထီ မဲ့​မြင်​ပြု​၍ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ဇ​နီး​တို့​အား​ဒေါ​သ​အ​မျက်​ထွက်​ကြ လိမ့်​မည်။-

19 အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် ဝါ​ရှ​တိ​မိ​ဖု​ရား​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ ရှေ့​တော်​သို့​ဝင်​ခွင့်​မ​ပြု​ကြောင်း​ရာ​ဇ အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန်​တော်​မူ ပါ။ ထို​အ​မိန့်​တော်​ကို​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​မ​ပြောင်း​မ​လဲ​နိုင်​စိမ့်​သော​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဋ္ဌမ္မ​သတ်​များ​တွင်​ထည့်​သွင်း​ရေး​မှတ် ၍​ထား​တော်​မူ​ပါ။ ထို​နောက်​မိ​ဖု​ရား​၏ ရာ​ထူး​ကို သူ့​ထက်​သာ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​အား​ချီး​မြှင့်​တော်​မူ​ပါ။-

20 အ​ရှင်​၏​အ​မိန့်​တော်​ကို ဤ​ကျယ်​ဝန်း​သည့် အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး​တွင် ကြေ​ညာ​လိုက်​သော​အ​ခါ အ​မျိုး​သ​မီး အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ခင်​ပွန်း​များ အား​ဆင်း​ရဲ​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည် ဖြစ်​စေ​ရို​သေ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ၏။

21 မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည် ဤ​စ​ကား​ကို နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ သို့​ဖြစ်​၍​မင်း ကြီး​သည်​မ​မု​ကန်​အ​ကြံ​ပေး​သည့် အ​တိုင်း​ပြု​တော်​မူ​၏။-