3 သူသည်နန်းစံတတိယနှစ်၌မိမိ၏မှူးမတ် များနှင့် မင်းအရာရှိအပေါင်းတို့အား စား သောက်ပွဲကြီးကိုတည်ခင်းကျွေးမွေးတော် မူ၏။ ထိုပွဲသို့ပေရသိနှင့်မေဒိတပ်မ တော်များ၊ ပြည်နယ်ဘုရင်ခံများနှင့်မှူး မတ်များလည်းတက်ရောက်ကြလေသည်။-
4 သူသည်မိမိနန်းတော်၏စည်းစိမ်နှင့်ဘုန်း အသရေကို ခြောက်လတိုင်တိုင်ခင်းကျင်း ပြသထားတော်မူ၏။
5 ထိုနောက်မင်းကြီးသည်ဆင်းရဲချမ်းသာမရွေး၊ ရှုရှန်မြို့တော်သူမြို့တော်သားအပေါင်းတို့ အား စားသောက်ပွဲကြီးကိုတည်ခင်းကျွေးမွေး တော်မူ၏။ ထိုစားသောက်ပွဲကြီးကိုဘုရင့် နန်းတော်ဥယျာဉ်အတွင်း၌ ခုနစ်ရက်ပတ် လုံးကျင်းပတော်မူ၏။-
6 ဥယျာဉ်တော်ဝင်းတွင်ငွေကွင်းတပ်ထား သည့်ကျောက်ဖြူတိုင်များ၌ ပိတ်ချောအဖြူ အပြာကန့်လန့်ကာများကိုမရမ်းစေ့ရောင် ပိတ်ကြိုးများဖြင့်ချည်၍တန်ဆာဆင်ထား ၏။ ကျောက်ဖြူ၊ ကျောက်သလင်း၊ ကနုကမာ၊ စိမ်းပြာကျောက်များနှင့်အကွက်ဖော်၍ခင်း ထားသည့်ဥယျာဉ်တော်ဝင်းအတွင်း၌ ရွှေ နှင့်ငွေတို့ဖြင့်ပြီးသောညောင်စောင်းများ ကိုလည်းထားရှိလေသည်။-
7 မင်းကြီးသည်စပျစ်ရည်ကိုရွှေဖလားများ နှင့်ထည့်၍တိုက်စေတော်မူ၏။ ထိုဖလားတို့ သည်တစ်ခုနှင့်တစ်ခုဆင်သည်ဟူ၍မရှိ ပေ။ စပျစ်ရည်ကိုရက်ရောစွာတိုက်စေတော် မူ၏။-
8 အကန့်အသတ်မရှိဘဲ လူတိုင်းအလိုရှိ သလောက်သောက်သုံးနိုင်စေရန် နန်းတော် အစေခံတို့အားမိန့်မှာထားတော်မူ၏။
9 ထိုအတောအတွင်း၌ဝါရှတိမိဖုရားသည် လည်းနန်းတွင်း၌ အမျိုးသမီးများအားစား သောက်ပွဲကြီးကိုတည်ခင်းကျွေးမွေးလျက် နေပေသည်။