8 ထို့ကြောင့်ဟာမန်သည်မင်းကြီးအား``အရှင် ၏အင်ပါယာနိုင်ငံတော်ပြည်နယ်တိုင်းမှာ ပင်ပျံ့နှံ့လျက်နေသည့်လူမျိုးတစ်မျိုးရှိ ပါသည်။ သူတို့၏ဋ္ဌလေ့ထုံးစံများသည် အခြားလူမျိုးတို့၏ဋ္ဌလေ့ထုံးစံများနှင့် မတူပါ။ သူတို့သည်နိုင်ငံတော်၏တရား ဥပဒေများကိုလည်းမလိုက်နာကြပါ။ သို့ဖြစ်၍သူတို့အားသည်းခံလျက်နေ ခြင်းအားဖြင့်အရှင့်၏အတွက်အကျိုး ရှိမည်မဟုတ်ပါ။-
9 အရှင်မင်းကြီးသဘောတူတော်မူပါလျှင် သူတို့အားကွပ်မျက်ရန်အမိန့်ထုတ်ပြန်တော် မူပါ။ အရှင်ဤသို့ပြုတော်မူမည်ဆိုပါလျှင် နိုင်ငံတော်အုပ်ချုပ်ရေးအတွက် အရှင့်ဘဏ္ဍာ တော်သို့ငွေသုံးရာခုနစ်ဆယ့်ငါးတန်ပေး သွင်းရန်ကျွန်တော်မျိုးတာဝန်ယူပါမည်'' ဟုလျှောက်၏။
10 ထိုအခါမင်းကြီးသည်မိမိ၏အမိန့်ကြေ ငြာချက်များကိုတရားဝင်ဖြစ်စေရန် တံဆိပ် ခတ်နှိပ်ရသည့်လက်စွပ်တော်ကိုချွတ်၍ယုဒ အမျိုးသားတို့၏ရန်သူ၊ အာဂတ်မှဆင်း သက်သူ၊ ဟမ္မေဒါသ၏သားဟာမန်အား ပေးအပ်လျက်၊-
11 ``သင့်သဘောအတိုင်းပြုရန်ထိုလူမျိုးနှင့် သူတို့၏ငွေကိုသင့်လက်သို့ငါပေးအပ်၏'' ဟုမိန့်တော်မူ၏။
12 ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။-
13 စာပို့လုလင်တို့သည်ထိုအမိန့်တော်ကို အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် ရှိသမျှသို့ယူဆောင်သွားကြ၏။ ထိုအမိန့် တော်တွင်``အာဒါလ၊ ဆယ့်သုံးရက်နေ့တစ်နေ့ တည်း၌ယုဒအမျိုးသားလူကြီးလူငယ် ယောကျာ်းမိန်းမရှိသမျှကိုမသနား၊ မ ညှာတာဘဲသတ်ဖြတ်ကာသူတို့၏ဥစ္စာ ပစ္စည်းများကိုလုယူစေ'' ဟုပါရှိ၏။-
14 ယင်းသို့ဆောင်ရွက်ရန်အချိန်ကျလျှင် အသင့်ရှိနေကြစေရန် ထိုအမိန့်တော်ကို ပြည်နယ်တိုင်းတွင်ကြေငြာရန်ဖြစ်သည်။