ဧ​သ​တာ 4:13-17 BCL

13 ဧ​သ​တာ​အား``သင်​သည်​နန်း​တွင်း​၌​နေ​ရ သ​ဖြင့် အ​ခြား​ယု​ဒ​အ​မျိုး​သား​များ​ထက် ပို​၍​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​ဟု​မ​ထင်​မှတ်​ပါ​နှင့်။-

14 အ​ကယ်​၍​သင်​သည်​ယ​ခု​အ​ချိန်​အ​ခါ​မျိုး ၌​ဆိတ်​ဆိတ်​နေ​ပါ​မူ ယု​ဒ​အ​မျိုး​သား​တို့ သည် ကောင်း​ကင်​ဘုံ​မှ​အ​ကူ​အ​ညီ​ကို​ရ​ရှိ ၍​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပါ​မည်။ သင်​မူ ကား​အ​သတ်​ခံ​ရ​လျက်​ဖ​ခင်​၏​အိမ်​ထောင်​စု သည်​လည်း​ပျက်​စီး​ဆုံး​ပါး​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​သင်​မိ​ဖု​ရား​ဖြစ်​လာ​ရ​သည်​မှာ ဤ အ​ချိန်​အ​ခါ​မျိုး​အ​တွက်​ပင်​ဖြစ်​သည်​မ ဟုတ်​ပါ​လော'' ဟု​သ​တိ​ပေး​စ​ကား​မှာ ကြား​လိုက်​၏။

15 ဧ​သ​တာ​သည်​မော်​ဒ​ကဲ​အား၊

16 ``ရှု​ရှန်​မြို့​တွင်​ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ကျွန်​မ​အ​တွက် အ​စာ​ရှောင်​စေ​၍ နေ့​ညဥ့်​မ​ပြတ်​သုံး​ရက် ပတ်​လုံး​မ​စား​မ​သောက်​ဘဲ​နေ​ကြ​ပါ​စေ။ ကျွန်​မ​နှင့်​ကျွန်​မ​၏​အ​ပျို​တော်​တို့​သည် လည်း​အ​စာ​ရှောင်​ကြ​ပါ​မည်။ ထို​နောက်​တ​ရား ဥ​ပ​ဒေ​ကူး​လွန်​၍​သေ​ဒဏ်​ခံ​ရ​စေ​ကာ​မူ မင်း​ကြီး​ထံ​သို့​ကျွန်​မ​ဝင်​ပါ​မည်'' ဟု​ပြန် ကြား​လိုက်​၏။

17 ထို​အ​ခါ​မော်​ဒ​ကဲ​သည်​ထွက်​ခွာ​ကာ ဧ​သ​တာ မှာ​ကြား​လိုက်​သည့်​အ​တိုင်း​ပြု​လေ​သည်။