1-2 ဤအဖြစ်အပျက်အလုံးစုံကို မော်ဒကဲ သိရသောအခါပြင်းစွာစိတ်ဒုက္ခရောက်လျက် မိမိ၏အဝတ်များကိုဆုတ်ပြီးလျှင်လျှော် တေကိုဝတ်၍ဦးခေါင်းကိုပြာနှင့်လူး၏။ ထို နောက်သူသည်ပြင်းပြစွာငိုကြွေးမြည်တမ်း လျက် နန်းတော်အဝင်ဝသို့ရောက်သည်တိုင် အောင်မြို့ကိုဖြတ်၍လျှောက်သွားလေသည်။ မည်သူမဆိုလျှော်တေကိုဝတ်၍ နန်းတွင်း သို့မဝင်ရသောကြောင့်သူသည်နန်းတွင်း သို့မဝင်ချေ။-
3 မင်းကြီး၏အမိန့်ကြေငြာချက်ရောက်ရှိ လေရာပြည်နယ်တို့၌ ယုဒအမျိုးသား တို့သည်အစာရှောင်၍အော်ဟစ်ငိုကြွေး မြည်တမ်းကြကုန်၏။ လူတိုင်းလိုပင်လျှော် တေကိုဝတ်ကာပြာပေါ်တွင်လှဲ၍နေကြ ကုန်၏။
4 အပျိုတော်တို့နှင့်မိန်းမစိုးတို့သည် မော်ဒကဲ အဘယ်သို့ပြုလျက်နေသည်ကိုဧသတာ အားပြောပြကြ၏။ ထိုအခါဧသတာ သည်လွန်စွာစိတ်ဒုက္ခရောက်၍ မော်ဒကဲအား လျှော်တေကိုလဲစေရန်ပေးပို့သော်လည်း မော်ဒကဲလက်မခံဘဲနေ၏။-
5 ထိုအခါမိဖုရားသည်မိမိ၏အစေခံ အဖြစ် မင်းကြီးခန့်ထားပေးသူ၊ မိန်းမစိုး ဟာတက်ကိုခေါ်ယူပြီးလျှင် အကျိုး အကြောင်းကိုစုံစမ်းရန်မော်ဒကဲထံ သို့စေလွှတ်လိုက်လေသည်။-
6 ဟာတက်သည်နန်းတော်တံခါးရှေ့မြို့တော် ကွက်လပ်တွင်ရှိသောမော်ဒကဲထံသို့သွား၏။-
7 မော်ဒကဲကသူ့အားဖြစ်ပျက်ခဲ့သည့် အမှုအရာအလုံးစုံကိုလည်းကောင်း၊ ယုဒအမျိုးသားအပေါင်းတို့ကိုကွပ် မျက်လျှင်ဘုရင့်ဘဏ္ဍာတော်သို့ငွေမည်မျှ ပေးသွင်းရန် ဟာမန်ကတိပြုထားကြောင်း ကိုလည်းကောင်းပြောပြ၏။-
8 ယုဒအမျိုးသားများအားကွပ်မျက်ရန် အတွက် ရှုရှန်မြို့တွင်ထုတ်ပြန်ထားသည့် အမိန့်ကြေငြာချက်မိတ္တူတစ်စောင်ကို လည်းပေးလိုက်၏။ မော်ဒကဲသည်ဟာတက် အား``ဤအမိန့်ကြေငြာချက်မိတ္တူကိုဧသ တာအားပေး၍ ဖြစ်ပျက်လျက်ရှိသည့် အခြေအနေကိုရှင်းပြပါလော့။ ထိုနောက် သူ့အားမင်းကြီးထံသို့ဝင်၍ မိမိ၏လူ မျိုးအပေါ်တွင်ကရုဏာထားတော်မူရန် လျှောက်ထားတောင်းပန်စေပါလော့'' ဟု မှာကြားလိုက်လေသည်။-