ဧ​သ​တာ 4:6-12 BCL

6 ဟာ​တက်​သည်​နန်း​တော်​တံ​ခါး​ရှေ့​မြို့​တော် ကွက်​လပ်​တွင်​ရှိ​သော​မော်​ဒ​ကဲ​ထံ​သို့​သွား​၏။-

7 မော်​ဒ​ကဲ​က​သူ့​အား​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ကွပ် မျက်​လျှင်​ဘု​ရင့်​ဘဏ္ဍာ​တော်​သို့​ငွေ​မည်​မျှ ပေး​သွင်း​ရန် ဟာ​မန်​က​တိ​ပြု​ထား​ကြောင်း ကို​လည်း​ကောင်း​ပြော​ပြ​၏။-

8 ယု​ဒ​အ​မျိုး​သား​များ​အား​ကွပ်​မျက်​ရန် အ​တွက် ရှု​ရှန်​မြို့​တွင်​ထုတ်​ပြန်​ထား​သည့် အ​မိန့်​ကြေ​ငြာ​ချက်​မိတ္တူ​တစ်​စောင်​ကို လည်း​ပေး​လိုက်​၏။ မော်​ဒ​ကဲ​သည်​ဟာ​တက် အား``ဤ​အ​မိန့်​ကြေ​ငြာ​ချက်​မိတ္တူ​ကို​ဧ​သ တာ​အား​ပေး​၍ ဖြစ်​ပျက်​လျက်​ရှိ​သည့် အ​ခြေ​အ​နေ​ကို​ရှင်း​ပြ​ပါ​လော့။ ထို​နောက် သူ့​အား​မင်း​ကြီး​ထံ​သို့​ဝင်​၍ မိ​မိ​၏​လူ မျိုး​အ​ပေါ်​တွင်​က​ရု​ဏာ​ထား​တော်​မူ​ရန် လျှောက်​ထား​တောင်း​ပန်​စေ​ပါ​လော့'' ဟု မှာ​ကြား​လိုက်​လေ​သည်။-

9 ဟာ​တက်​သည်​လည်း​မော်​ဒ​ကဲ​မှာ​ကြား လိုက်​သည့်​အ​တိုင်း​ပြု​၏။-

10 ထို​အ​ခါ​ဧ​သ​တာ​သည်​ဟာ​တက်​မှ​တစ်​ဆင့် မော်​ဒ​ကဲ​အား၊-

11 ``ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ​မင်း​ကြီး ခေါ်​တော်​မ​မူ​ဘဲ​နန်း​တော်​အ​တွင်း​တံ​တိုင်း၊ မင်း​ကြီး​ထံ​တော်​သို့​ဝင်​မိ​သူ​သည်​သေ​ဒဏ် ခံ​ရ​မည်​ဖြစ်​ပါ​၏။ ဤ​ကား​တ​ရား​ဥ​ပ​ဒေ အ​ရ​ဖြစ်​သ​ဖြင့်​ဘု​ရင့်​အ​ကြံ​ပေး​အ​မတ် များ​မှ​စ​၍ ပြည်​နယ်​အ​သီး​သီး​ရှိ​လူ​အ ပေါင်း​တို့​သိ​ကြ​ပါ​သည်။ ထို​ဥ​ပ​ဒေ​ကို ရှောင်​ကွင်း​နိုင်​ရန်​လမ်း​တစ်​လမ်း​သာ​ရှိ​ပါ သည်။ အ​ကယ်​၍​မင်း​ကြီး​က​ရာ​ဇ​လှံ​တံ တော်​ကို​ကမ်း​တော်​မူ​လျှင် ဝင်​မိ​သူ​အ​သက် ချမ်း​သာ​ရာ​ရ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​မ အား​မင်း​ကြီး​ခေါ်​ယူ​တော်​မ​မူ​သည်​မှာ တစ်​လ​ရှိ​ပါ​ပြီ'' ဟု​ပြန်​ကြား​လေ​သည်။

12 မော်​ဒ​ကဲ​သည်​ဧ​သ​တာ​ပြန်​ကြား​သည့် စ​ကား​ကို​ကြား​ရ​သော​အ​ခါ၊-