ဧ​သ​တာ 5:3-10 BCL

3 မင်း​ကြီး​က``မိ​ဖု​ရား​ဧ​သ​တာ၊ အ​ကြောင်း အ​ဘယ်​သို့​ရှိ​သ​နည်း။ သင်​တောင်း​လို​သော ဆု​ကို​ငါ့​အား​ပြော​ကြား​လော့။ ငါ​၏​အင်​ပါ ယာ​နိုင်​ငံ​တစ်​ဝက်​ကို​ပင်​တောင်း​လျှင်​ငါ​ပေး မည်'' ဟု​ဆို​၏။

4 ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော် မူ​ပါ​လျှင် ယ​နေ့​ည​ကျွန်​တော်​မ​ပြင်​ဆင်​ထား သည့်​ည​စာ​စား​ပွဲ​သို့​ဟာ​မန်​နှင့်​အ​တူ​ကြွ ရောက်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

5 ထို​နောက်​မင်း​ကြီး​သည်​ဧ​သ​တာ​၏​အ​လို ပြည့်​စေ​ရန် ဟာ​မန်​အား​အ​လျင်​အ​မြန်​ခေါ် ယူ​တော်​မူ​ပြီး​လျှင် သူ​နှင့်​အ​တူ​ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့​ကြွ​တော်​မူ​၏။-

6 မင်း​ကြီး​သည်​စ​ပျစ်​ရည်​သောက်​လျက်​နေ​စဉ် ဧ​သ​တာ​အား``သင်​တောင်း​လို​သော​ဆု​ကို​ငါ့ အား​ပြော​ကြား​လော့။ သင့်​အား​ငါ​ပေး​မည်။ ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​ဝက်​ကို​ပင် တောင်း​ခံ​လျှင်​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

7-8 ဧ​သ​တာ​က​အ​ကယ်​၍​အ​ရှင်​မင်း​ကြီး သည် ကျွန်​တော်​မ​တောင်း​ခံ​သည့်​ဆု​ကို​ပေး တော်​မူ​မည်​ဆို​ပါ​က နက်​ဖြန်​ခါ​အ​ရှင်​၏ အ​တွက်​ကျွန်​တော်​မ​ပြင်​ဆင်​ကျွေး​မွေး​မည့် ည​စာ​စား​ပွဲ​သို့​လည်း ဟာ​မန်​နှင့်​အ​တူ​ကြွ တော်​မူ​ပါ။ ထို​အ​ခါ​ကျွန်​တော်​မ​တောင်း​လို သော​ဆု​ကို​ပြော​ကြား​ပါ​မည်'' ဟု​လျှောက် လေ​၏။

9 ည​စာ​စား​ပွဲ​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ဟာ​မန် သည်​ဝမ်း​မြောက်​ပျော်​ရွှင်​လျက်​နေ​၏။ သို့​ရာ တွင်​သူ​သည်​မော်​ဒ​ကဲ​ကို​နန်း​တော်​အ​ဝင်​ဝ တွင်​တွေ့​ရှိ​ရ​၍ မော်​ဒ​ကဲ​က​သူ့​အား​အ​ရို အ​သေ​မ​ပြု​သော​အ​ခါ​၌​မူ​ပြင်း​စွာ အ​မျက်​ထွက်​လေ​သည်။-

10 သို့​သော်​လည်း​သူ​သည်​မိ​မိ​စိတ်​ကို​ချုပ်​တည်း လျက်​အိမ်​သို့​ပြန်​ပြီး​လျှင် မိတ်​ဆွေ​များ​ကို မိ​မိ​အိမ်​သို့​ခေါ်​ဖိတ်​ကာ​မိ​မိ​ဇ​နီး​ဇေ​ရတ် ကို​လည်း​သူ​တို့​နှင့်​အ​တူ​ထိုင်​စေ​၏။-