5 ထိုနောက်မင်းကြီးသည်ဧသတာ၏အလို ပြည့်စေရန် ဟာမန်အားအလျင်အမြန်ခေါ် ယူတော်မူပြီးလျှင် သူနှင့်အတူဧသတာ ၏ညစာစားပွဲသို့ကြွတော်မူ၏။-
6 မင်းကြီးသည်စပျစ်ရည်သောက်လျက်နေစဉ် ဧသတာအား``သင်တောင်းလိုသောဆုကိုငါ့ အားပြောကြားလော့။ သင့်အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော်တစ်ဝက်ကိုပင် တောင်းခံလျှင်ငါပေးမည်'' ဟုမိန့်တော်မူ၏။
7-8 ဧသတာကအကယ်၍အရှင်မင်းကြီး သည် ကျွန်တော်မတောင်းခံသည့်ဆုကိုပေး တော်မူမည်ဆိုပါက နက်ဖြန်ခါအရှင်၏ အတွက်ကျွန်တော်မပြင်ဆင်ကျွေးမွေးမည့် ညစာစားပွဲသို့လည်း ဟာမန်နှင့်အတူကြွ တော်မူပါ။ ထိုအခါကျွန်တော်မတောင်းလို သောဆုကိုပြောကြားပါမည်'' ဟုလျှောက် လေ၏။
9 ညစာစားပွဲမှထွက်ခွာလာသောအခါ ဟာမန် သည်ဝမ်းမြောက်ပျော်ရွှင်လျက်နေ၏။ သို့ရာ တွင်သူသည်မော်ဒကဲကိုနန်းတော်အဝင်ဝ တွင်တွေ့ရှိရ၍ မော်ဒကဲကသူ့အားအရို အသေမပြုသောအခါ၌မူပြင်းစွာ အမျက်ထွက်လေသည်။-
10 သို့သော်လည်းသူသည်မိမိစိတ်ကိုချုပ်တည်း လျက်အိမ်သို့ပြန်ပြီးလျှင် မိတ်ဆွေများကို မိမိအိမ်သို့ခေါ်ဖိတ်ကာမိမိဇနီးဇေရတ် ကိုလည်းသူတို့နှင့်အတူထိုင်စေ၏။-
11 ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
12 သူသည်ဆက်လက်၍``ဤအမှုအရာများ အပြင်မိဖုရားဧသတာကလည်းမင်းကြီး နှင့်ငါသာလျှင် ညစာစားပွဲနှင့်ဧည့်ခံခဲ့ ပါ၏။ နက်ဖြန်ခါလည်းငါတို့အားညစာ စားပွဲသို့ဖိတ်ကြားထားပါသေးသည်။-