23 ဧလကာနက``ကောင်းပြီ။ သင်ပြုလိုသည် အတိုင်းပြုပါလေ။ ကလေးနို့ဖြတ်သည်တိုင် အောင်အိမ်တွင်နေလော့။ သင်ပြုသောသစ္စာကတိ ကိုအကောင်အထည်ဖော်နိုင်ရန် ထာဝရဘုရား ကူမတော်မူပါစေသော'' ဟုဆို၏။ သို့ဖြစ်၍ ဟန္နသည်သူငယ်ကိုနို့တိုက်လျက်၊ နို့မဖြတ် မီတိုင်အောင်အိမ်မှာနေလေ၏။
24 သူသည်သားငယ်ကိုနို့ဖြတ်ပြီးသောအခါ သုံးနှစ်သားနွားထီး ကလေးတစ်ကောင်၊ မုန့်ညက်တစ်တင်း၊ စပျစ်ရည် တစ်ဘူးကိုယူဆောင်လျက်သားငယ်နှင့်အတူ ရှိလောမြို့သို့သွား၏။ သားငယ်ရှမွေလသည် လွန်စွာငယ်ရွယ်နုနယ်သေးသတည်း။-
25 နွားကိုသတ်ပြီးနောက်သူငယ်ကိုဧလိထံသို့ ယူဆောင်သွားကြ၏။-
26 ဟန္နကဧလိအား``အရှင်၊ ကျွန်မသည်အထက် ကအရှင်၏အနီး၌ရပ်လျက် ထာဝရဘုရား ထံသို့ဆုတောင်းပတ္ထနာပြုသောမိန်းမဖြစ် ပါ၏။-
27 ကျွန်မသည်ထာဝရဘုရားထံတော်တွင် ဤ သားဆုကိုပန်ပါ၏။ ဆုပန်သည့်အတိုင်း ကိုယ်တော်သည်ပေးသနားတော်မူပါပြီ။-
28 သို့ဖြစ်၍ကျွန်မသည်သူ့ကိုထာဝရဘုရား အား ဆက်ကပ်အပ်နှင်းပါ၏။ သူအသက်ရှင် သမျှကာလပတ်လုံးထာဝရဘုရား အားအပ်နှင်းပါ၏'' ဟုလျှောက်ထား၏။ထိုနောက်သူတို့သည်ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ကြ၏။