15 ရှမွေလသည်ဂိလဂါလမြို့မှထွက်ခွာ၍ ဆက်လက်ခရီးပြုလေသည်။ ကျန်ရစ်သူတို့ သည်ရှောလုနှင့်အတူသူ၏စစ်သည်တော်များ ရှိရာသို့လိုက်သွားကြ၏။ သူတို့သည်ဂိလ ဂါလမြို့မှဗင်္ယာမိန်နယ်၊ ဂိဗာမြို့သို့သွား ကြ၏။ ရှောလုသည်မိမိ၏တပ်သားအရေ အတွက်ကိုစစ်ဆေးရာခြောက်ရာခန့်တွေ့ ရှိလေသည်။-
16 သူနှင့်သားတော်ယောနသန်တို့သည်မိမိ တို့တွင်ရှိသောစစ်သည်တို့လိုက်ပါလျက် ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင်တပ်ချလျက် နေကြ၏။-
17 ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကား မိတ်မတ်မြို့တွင်ရှိလေသည်။ ဖိလိတ္တိတပ်သား တို့သည်တိုက်ကင်းသုံးစုခွဲ၍တပ်စခန်းမှ ထွက်သွားကြ၏။ တစ်စုသည်ရွှာလနယ် သြဖရမြို့ရှိရာသို့လည်းကောင်း၊-
18 နောက်တစ်စုသည်ဗေသောရုန်မြို့ရှိရာသို့ လည်းကောင်း၊ ကျန်တစ်စုကားဇေဘိုင်ချိုင့်ဝှမ်း နှင့်တောကန္တာရကိုမျက်နှာမူလျက်ရှိသော နယ်စပ်လမ်းသို့လည်းကောင်းလိုက်သွားကြ သည်။
19 ဟေဗြဲအမျိုးသားတို့ဋ္ဌားလှံလက်နက်များ ပြုလုပ်ခြင်းကိုဖိလိတ္တိအမျိုးသားတို့က ပိတ်ပင်တားမြစ်သဖြင့် ဣသရေလပြည် တွင်ယနေ့တိုင်အောင်ပန်းပဲဆရာများ မရှိချေ။-
20 ဣသရေလအမျိုးသားတို့သည်ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တံစဉ်စသည်တို့ကိုသွေး ရန်အတွက်ဖိလိတ္တိအမျိုးသားတို့ထံသို့ သွားရကြ၏။-
21 ပုဆိန်သွေးခနှင့်လှံတံတပ်ခမှာငွေ သုံးပဲသားဖြစ်၍ ထွန်သွားနှင့်ပေါက်တူး သွေးခမှာငွေသုံးမူးသားဖြစ်၏။-