၁ ရာ 13:16-22 BCL

16 သူ​နှင့်​သား​တော်​ယော​န​သန်​တို့​သည်​မိ​မိ တို့​တွင်​ရှိ​သော​စစ်​သည်​တို့​လိုက်​ပါ​လျက် ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​တွင်​တပ်​ချ​လျက် နေ​ကြ​၏။-

17 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကား မိတ်​မတ်​မြို့​တွင်​ရှိ​လေ​သည်။ ဖိ​လိတ္တိ​တပ်​သား တို့​သည်​တိုက်​ကင်း​သုံး​စု​ခွဲ​၍​တပ်​စ​ခန်း​မှ ထွက်​သွား​ကြ​၏။ တစ်​စု​သည်​ရွှာ​လ​နယ် သြ​ဖ​ရ​မြို့​ရှိ​ရာ​သို့​လည်း​ကောင်း၊-

18 နောက်​တစ်​စု​သည်​ဗေ​သော​ရုန်​မြို့​ရှိ​ရာ​သို့ လည်း​ကောင်း၊ ကျန်​တစ်​စု​ကား​ဇေဘိုင်​ချိုင့်​ဝှမ်း နှင့်​တော​ကန္တာ​ရ​ကို​မျက်​နှာ​မူ​လျက်​ရှိ​သော နယ်​စပ်​လမ်း​သို့​လည်း​ကောင်း​လိုက်​သွား​ကြ သည်။

19 ဟေ​ဗြဲ​အ​မျိုး​သား​တို့​ဋ္ဌား​လှံ​လက်​နက်​များ ပြု​လုပ်​ခြင်း​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က ပိတ်​ပင်​တား​မြစ်​သ​ဖြင့် ဣ​သ​ရေ​လ​ပြည် တွင်​ယ​နေ့​တိုင်​အောင်​ပန်း​ပဲ​ဆ​ရာ​များ မ​ရှိ​ချေ။-

20 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထွန်​သွား၊ ပေါက်​တူး၊ ပု​ဆိန်၊ တံ​စဉ်​စ​သည်​တို့​ကို​သွေး ရန်​အ​တွက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရ​ကြ​၏။-

21 ပု​ဆိန်​သွေး​ခ​နှင့်​လှံ​တံ​တပ်​ခ​မှာ​ငွေ သုံး​ပဲ​သား​ဖြစ်​၍ ထွန်​သွား​နှင့်​ပေါက်​တူး သွေး​ခ​မှာ​ငွေ​သုံး​မူး​သား​ဖြစ်​၏။-

22 ထို့​ကြောင့်​စစ်​ပွဲ​ဝင်​ရ​သော​နေ့​၌​ရှော​လု​နှင့် သား​တော်​ယော​န​သန်​မှ​လွဲ​၍ အ​ခြား​ဣ​သ ရေ​လ​စစ်​သည်​တော်​တို့​တွင်​ဋ္ဌား​လှံ​လက် နက်​များ​မ​ရှိ​ကြ။