18 နောက်တစ်စုသည်ဗေသောရုန်မြို့ရှိရာသို့ လည်းကောင်း၊ ကျန်တစ်စုကားဇေဘိုင်ချိုင့်ဝှမ်း နှင့်တောကန္တာရကိုမျက်နှာမူလျက်ရှိသော နယ်စပ်လမ်းသို့လည်းကောင်းလိုက်သွားကြ သည်။
19 ဟေဗြဲအမျိုးသားတို့ဋ္ဌားလှံလက်နက်များ ပြုလုပ်ခြင်းကိုဖိလိတ္တိအမျိုးသားတို့က ပိတ်ပင်တားမြစ်သဖြင့် ဣသရေလပြည် တွင်ယနေ့တိုင်အောင်ပန်းပဲဆရာများ မရှိချေ။-
20 ဣသရေလအမျိုးသားတို့သည်ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တံစဉ်စသည်တို့ကိုသွေး ရန်အတွက်ဖိလိတ္တိအမျိုးသားတို့ထံသို့ သွားရကြ၏။-
21 ပုဆိန်သွေးခနှင့်လှံတံတပ်ခမှာငွေ သုံးပဲသားဖြစ်၍ ထွန်သွားနှင့်ပေါက်တူး သွေးခမှာငွေသုံးမူးသားဖြစ်၏။-
22 ထို့ကြောင့်စစ်ပွဲဝင်ရသောနေ့၌ရှောလုနှင့် သားတော်ယောနသန်မှလွဲ၍ အခြားဣသ ရေလစစ်သည်တော်တို့တွင်ဋ္ဌားလှံလက် နက်များမရှိကြ။
23 ဖိလိတ္တိအမျိုးသားတို့ကစစ်သည်တပ်သား တစ်စုကိုစေလွှတ်၍ မိတ်မတ်တောင်ကြားလမ်း ကိုကာကွယ်စေကြ၏။