6 ထိုနောက်ဣသရေလအမျိုးသားတို့အား ပြင်းထန်စွာတိုက်ခိုက်၍ဖရိုဖရဲဖြစ်စေ လေသည်။ ဣသရေလအမျိုးသားအချို့ တို့သည်ဥမင်၊ ကျောက်ကြား၊ ရေတွင်း၊ မြေ တွင်းစသည်တို့၌ပုန်းအောင်းနေကြ၏။-
7 အချို့တို့ကမူယော်ဒန်မြစ်ကိုဖြတ်ကူး ကာဂဒ်နှင့်ဂိလဒ်နယ်များသို့ထွက်ပြေး ကြ၏။ရှောလုသည်ဂိလဂါလမြို့တွင်ပင်ရှိနေ သေး၏။ သူနှင့်အတူရှိသည့်တပ်သားတို့ သည်ကြောက်လန့်တုန်လှုပ်လျက်နေကြ၏။-
8 ရှမွေလညွှန်ကြားခဲ့သည်အတိုင်းရှောလု သည် ခုနစ်ရက်တိုင်တိုင်စောင့်ဆိုင်း၍နေခဲ့ သော်လည်း ရှမွေလကားဂိလဂါလမြို့ သို့မရောက်လာ။ သူတို့သည်ရှောလုထံမှ ထွက်ပြေးစပြုကြပြီဖြစ်၍၊-
9 ရှောလုသည်မီးရှို့ရာယဇ်နှင့်မိတ်သဟာယ ယဇ်တို့ကို မိမိထံသို့ယူဆောင်လာစေရန် လူတို့အားစေခိုင်းပြီးလျှင်မီးရှို့ရာယဇ် ကိုပူဇော်လေသည်။-
10 ယင်းသို့ယဇ်ပူဇော်၍ပြီးခါနီး၌ရှမွေလ ရောက်ရှိလာ၏။ ရှောလုသည်သူ့ကိုသွားရောက် ကြိုဆိုသော်လည်း၊-
11 ရှမွေလက``သင်သည်အဘယ်သို့ပြုသနည်း'' ဟုမေး၏။ရှောလုက``လူတို့သည်အကျွန်ုပ်ထံမှစွန့်ခွာ ထွက်ပြေးလျက်နေကြပါ၏။ အရှင်သည်ချိန်း သောအချိန်၌မပေါ်လာပါ။ ထို့အပြင် ဖိလိတ္တိအမျိုးသားတို့သည်မိတ်မတ်မြို့ တွင်စုရုံးလျက်ရှိနေကြပါ၏။-
12 သို့ဖြစ်၍သူတို့သည်အကျွန်ုပ်ရှိရာဂိလ ဂါလမြို့သို့ ချီတက်တိုက်ခိုက်ကြလိမ့်မည် ဟူ၍လည်းကောင်း၊ အကျွန်ုပ်သည်လည်းထာ ဝရဘုရား၏ထံတော်၌ အသနားမခံ ရသေးဟူ၍လည်းကောင်းအကျွန်ုပ်တွေးတော မိပါ၏။ ထို့ကြောင့်ယဇ်ကိုမပူဇော်လျှင် မဖြစ်တော့သဖြင့်ပူဇော်ရခြင်းဖြစ်ပါ သည်'' ဟုလျှောက်၏။