၁ ရာ 13:7-13 BCL

7 အ​ချို့​တို့​က​မူ​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ကာ​ဂဒ်​နှင့်​ဂိ​လဒ်​နယ်​များ​သို့​ထွက်​ပြေး ကြ​၏။ရှော​လု​သည်​ဂိ​လ​ဂါ​လ​မြို့​တွင်​ပင်​ရှိ​နေ သေး​၏။ သူ​နှင့်​အ​တူ​ရှိ​သည့်​တပ်​သား​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​ကြ​၏။-

8 ရှ​မွေ​လ​ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​ရှော​လု သည် ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​ဆိုင်း​၍​နေ​ခဲ့ သော်​လည်း ရှ​မွေ​လ​ကား​ဂိ​လ​ဂါ​လ​မြို့ သို့​မ​ရောက်​လာ။ သူ​တို့​သည်​ရှော​လု​ထံ​မှ ထွက်​ပြေး​စ​ပြု​ကြ​ပြီ​ဖြစ်​၍၊-

9 ရှော​လု​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​တို့​ကို မိ​မိ​ထံ​သို့​ယူ​ဆောင်​လာ​စေ​ရန် လူ​တို့​အား​စေ​ခိုင်း​ပြီး​လျှင်​မီး​ရှို့​ရာ​ယဇ် ကို​ပူ​ဇော်​လေ​သည်။-

10 ယင်း​သို့​ယဇ်​ပူ​ဇော်​၍​ပြီး​ခါ​နီး​၌​ရှ​မွေ​လ ရောက်​ရှိ​လာ​၏။ ရှော​လု​သည်​သူ့​ကို​သွား​ရောက် ကြို​ဆို​သော်​လည်း၊-

11 ရှ​မွေ​လ​က``သင်​သည်​အ​ဘယ်​သို့​ပြု​သ​နည်း'' ဟု​မေး​၏။ရှော​လု​က``လူ​တို့​သည်​အ​ကျွန်ုပ်​ထံ​မှ​စွန့်​ခွာ ထွက်​ပြေး​လျက်​နေ​ကြ​ပါ​၏။ အ​ရှင်​သည်​ချိန်း သော​အ​ချိန်​၌​မ​ပေါ်​လာ​ပါ။ ထို့​အ​ပြင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိတ်​မတ်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ​ပါ​၏။-

12 သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျွန်ုပ်​ရှိ​ရာ​ဂိ​လ ဂါ​လ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​ကြ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည်​လည်း​ထာ ဝ​ရ​ဘု​ရား​၏​ထံ​တော်​၌ အ​သ​နား​မ​ခံ ရ​သေး​ဟူ​၍​လည်း​ကောင်း​အ​ကျွန်ုပ်​တွေး​တော မိ​ပါ​၏။ ထို့​ကြောင့်​ယဇ်​ကို​မ​ပူ​ဇော်​လျှင် မ​ဖြစ်​တော့​သ​ဖြင့်​ပူ​ဇော်​ရ​ခြင်း​ဖြစ်​ပါ သည်'' ဟု​လျှောက်​၏။

13 ရှ​မွေ​လ​က``သင်​ပြု​သည့်​အ​မှု​သည်​မိုက်​မဲ သော​အ​မှု​ဖြစ်​၏။ သင်​သည်​မိ​မိ​၏​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​နား​မ​ထောင်။ အ​ကယ်​၍​နား​ထောင် ခဲ့​ပါ​လျှင်​ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ သင်​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​ပြည် ကို​ထာ​ဝ​စဉ်​အုပ်​စိုး​စေ​တော်​မူ​မည်။-