၁ ရာ 13:9-15 BCL

9 ရှော​လု​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​တို့​ကို မိ​မိ​ထံ​သို့​ယူ​ဆောင်​လာ​စေ​ရန် လူ​တို့​အား​စေ​ခိုင်း​ပြီး​လျှင်​မီး​ရှို့​ရာ​ယဇ် ကို​ပူ​ဇော်​လေ​သည်။-

10 ယင်း​သို့​ယဇ်​ပူ​ဇော်​၍​ပြီး​ခါ​နီး​၌​ရှ​မွေ​လ ရောက်​ရှိ​လာ​၏။ ရှော​လု​သည်​သူ့​ကို​သွား​ရောက် ကြို​ဆို​သော်​လည်း၊-

11 ရှ​မွေ​လ​က``သင်​သည်​အ​ဘယ်​သို့​ပြု​သ​နည်း'' ဟု​မေး​၏။ရှော​လု​က``လူ​တို့​သည်​အ​ကျွန်ုပ်​ထံ​မှ​စွန့်​ခွာ ထွက်​ပြေး​လျက်​နေ​ကြ​ပါ​၏။ အ​ရှင်​သည်​ချိန်း သော​အ​ချိန်​၌​မ​ပေါ်​လာ​ပါ။ ထို့​အ​ပြင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိတ်​မတ်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ​ပါ​၏။-

12 သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျွန်ုပ်​ရှိ​ရာ​ဂိ​လ ဂါ​လ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​ကြ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည်​လည်း​ထာ ဝ​ရ​ဘု​ရား​၏​ထံ​တော်​၌ အ​သ​နား​မ​ခံ ရ​သေး​ဟူ​၍​လည်း​ကောင်း​အ​ကျွန်ုပ်​တွေး​တော မိ​ပါ​၏။ ထို့​ကြောင့်​ယဇ်​ကို​မ​ပူ​ဇော်​လျှင် မ​ဖြစ်​တော့​သ​ဖြင့်​ပူ​ဇော်​ရ​ခြင်း​ဖြစ်​ပါ သည်'' ဟု​လျှောက်​၏။

13 ရှ​မွေ​လ​က``သင်​ပြု​သည့်​အ​မှု​သည်​မိုက်​မဲ သော​အ​မှု​ဖြစ်​၏။ သင်​သည်​မိ​မိ​၏​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​နား​မ​ထောင်။ အ​ကယ်​၍​နား​ထောင် ခဲ့​ပါ​လျှင်​ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ သင်​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​ပြည် ကို​ထာ​ဝ​စဉ်​အုပ်​စိုး​စေ​တော်​မူ​မည်။-

14 ယ​ခု​မှာ​မူ​သင်​သည်​နန်း​သက်​ရှည်​တော့ မည်​မ​ဟုတ်။ သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​လွန်​ဆန်​သည်​ဖြစ်​၍ ကိုယ်​တော်​သည် မိ​မိ​လူ​မျိုးတော်​အား​အုပ်​စိုး​စေ​ရန်​စိတ် တော်​နှင့်​တွေ့​သူ​ကို​ခန့်​ထား​တော်​မူ​လိမ့် မည်'' ဟု​ဆို​၏။

15 ရှ​မွေ​လ​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​၍ ဆက်​လက်​ခ​ရီး​ပြု​လေ​သည်။ ကျန်​ရစ်​သူ​တို့ သည်​ရှောလု​နှင့်​အ​တူ​သူ​၏​စစ်​သည်​တော်​များ ရှိ​ရာ​သို့​လိုက်​သွား​ကြ​၏။ သူ​တို့​သည်​ဂိ​လ ဂါ​လ​မြို့​မှ​ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​သို့​သွား ကြ​၏။ ရှော​လု​သည်​မိ​မိ​၏​တပ်​သား​အ​ရေ အ​တွက်​ကို​စစ်​ဆေး​ရာ​ခြောက်​ရာ​ခန့်​တွေ့ ရှိ​လေ​သည်။-