13 တောင်ကြားလမ်းထဲမှလေးဖက်တွား၍ထွက် လာခဲ့၏။ လူငယ်သည်လည်းသူ၏နောက်မှ လိုက်လာလေသည်။ ယောနသန်သည်ဖိလိတ္တိ အမျိုးသားတို့အားခုတ်လှဲ၍လူငယ်က သူတို့ကိုသတ်ဖြတ်လိုက်လေသည်။-
14 ဤပထမလူသတ်ပွဲတွင်ယောနသန်နှင့် သူငယ်တို့၏လက်ချက်ဖြင့် ဧကဝက်ခန့် ရှိသောနယ်မြေတွင်လူပေါင်းနှစ်ဆယ်ခန့် သေသတည်း။-
15 စစ်မြေပြင်တွင်ရှိသမျှသောဖိလိတ္တိ အမျိုးသားတို့သည်ကြောက်လန့်ကြကုန်၏။ တိုက်ကင်းထွက်လာကြသူများနှင့်တပ် စခန်းရှိစစ်သည်တပ်သားတို့သည် ထိတ် လန့်တုန်လှုပ်ကြကုန်၏။ မြေကြီးပင်လျှင် တုန်လှုပ်ကာရန်သူတို့သည်ကစဥ့်ကရဲ ပြေးကြကုန်၏။
16 ဗင်္ယာမိန်နယ်၊ ဂိဗာမြို့ရှိရှောလု၏ကင်းသမား တို့သည် ဖိလိတ္တိအမျိုးသားတို့ကစဥ့်ကရဲ ထွက်ပြေးကြသည်ကိုမြင်ကြ၏။-
17 ထို့အခါရှောလုကမိမိ၏လူတို့အား``တပ် တွင်းမှပျောက်နေသူကိုသိရှိနိုင်ရန်စစ် သည်တို့ကိုစစ်ဆေးကြည့်လော့'' ဟုအမိန့် ပေးသည်အတိုင်းစစ်ဆေးကြည့်ကြရာ ယောနသန်နှင့်သူ၏လက်နက်သယ်ဆောင် သူလူငယ်တို့မရှိကြောင်းတွေ့ရကြ၏။-
18 ရှောလုသည်ယဇ်ပုရောဟိတ်အဟိယ အား``သင်တိုင်းတော်ကို ဤနေရာသို့ယူခဲ့လော့'' ဟုဆို၏။ (ထို နေ့၌အဟိယသည်သင်တိုင်းတော်ကို ဣသရေလအမျိုးသားတို့၏ရှေ့မှသယ် ဆောင်လျက်ရှိသတည်း။-)
19 ဤသို့ယဇ်ပုရောဟိတ်အားရှောလုပြောဆို နေစဉ် ဖိလိတ္တိတပ်စခန်း၌ကစဥ့်ကရဲဖြစ် မှုသည်ပိုမိုဆိုးရွားလာသဖြင့်ရှောလု က``ထာဝရဘုရားအားလျှောက်ထားချိန် မရှိတော့ပြီ'' ဟုဆို၏။-