1-2 တစ်နေ့သ၌ယောနသန်သည် မိမိ၏လက် နက်ကိုသယ်ဆောင်သူလူငယ်အား``ဖိလိတ္တိ တပ်စခန်းသို့ငါတို့ဝင်ရောက်ကြအံ့'' ဟု ဆို၏။ ယင်းသို့ဆိုသော်လည်းဂိဗာမြို့နှင့် မလှမ်းမကမ်းရှိမိဂြုန်ရွာ၊ သလဲပင်အောက် တွင်စခန်းချလျက်နေသောခမည်းတော် ထံမှခွင့်ပန်ခြင်းမပြုခဲ့။ မင်းကြီး၏ထံ တွင်လူခြောက်ရာခန့်ရှိသတည်း။-
3 (သင်တိုင်းကိုဝတ်ဆင်သောယဇ်ပုရောဟိတ် မှာအဟိယဖြစ်သည်။ သူ၏အဖကား ဣခဗုဒ်၏အစ်ကိုအဟိတုပ်ဖြစ်သည်။ အဟိတုပ်သည်ဖိနဟတ်၏သားဖြစ်၏။ ရှိလောမြို့၊ ထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဧလိ၏မြေးဖြစ်၏။) စစ်သည်တပ်သား တို့သည်ယောနသန်ထွက်ခွာသွားသည်ကို မသိကြ။
4-5 မိတ်မတ်တောင်ကြားလမ်း တစ်ဘက်တစ်ချက် တွင် ကျောက်အငူကြီးတစ်ခုစီရှိ၏။ ကျောက် အငူကြီးတစ်ခုမှာဗောဇက်ဟုနာမည် တွင်၏။ ယင်းသည်တောင်ကြားလမ်း၏မြောက် ဘက်တွင်တည်ရှိ၍ မိတ်မတ်မြို့ကိုမျက်နှာ မူလျက်နေ၏။ အခြားကျောက်အငူကြီး မှာသေနေဟုနာမည်တွင်၏။ ယင်းသည်တောင် ကြားလမ်း၏တောင်ဘက်တွင်တည်ရှိ၍ ဂိဗာ မြို့ကိုမျက်နှာမူလျက်နေ၏။ ယောနသန် သည်ဖိလိတ္တိတပ်စခန်းသို့ဝင်ရာ၌ ဤ တောင်ကြားလမ်းကိုဖြတ်သွားရ၏။
6 ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။